ဟိန်ဇိန်ရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံး၊ဒဏ်ရာရတာတွေရှိတယ်လို့ PDF-Zoland ထုတ်ပြန်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဟိန်ဇိန်ရွာအနီးရှိ ဟိန်းဇိန်နဲ့သိုင်းငင်းကြားတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်တွေသေဆုံးပြီး ဒဏ်ရာရတာတွေရှိတယ်လို့ က သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ အဲဒီတိုက်ပွဲမှာ မိုင်းထောင်ထားတာကိုသွားရောက်စစ်ဆေးတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်၂ဦးသေဆုံးခဲ့တယ်လို့ PDF-Zoland ကထုတ်ပြန်ပါတယ်။သေဆုံးသူ၂ဦးဟာ အသက် ၂၁ နှစ်အရွယ် ကိုမုန်နိုး နဲ့ CNA တပ်က ဆလိုင်း ကျူံးလျန်ဆန်တို့ ဖြစ်ပြီး တခြားရဲဘော် ၂ ယောက်လည်း ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြတယ်လို့ဒေသတွင်း Zalen မီဒီယာကဖော်ပြပါတယ်။ မနေ့ကတိုက်ပွဲဟာ ကလေးတက္ကသိုလ်ဝန်းထဲကနေ ကလေး-တီးတိန်ကားလမ်းကြားရှိ သိုင်းငင်းကျေးရွာနဲ့ ဟဲန်ဇိန်ကျေးရွာကြားနေရာတွေကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အကြိမ်ရေများစွာပစ်ခတ်သလို လေကြောင်းတိုက်ခိုက်မှုတွေလည်း လုပ်တယ်လို့ဆိုပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းသုံးတိုက်ခိုက်တာအပြင် လက်နက်ကြီးတွေအသုံးပြုတိုက်ခိုက်တာ ကြောင့် လူအင်အားနဲ့လက်နက်အင်အားမမျှတတဲ့အတွက် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ညနေပိုင်းမှာခေတ္တနောက်ဆုတ်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *