သင်္ကြန်ပိတ်ရက်မှာ နယ်ပြန်မည့်သူများ မဖြစ်မနေသိထားသင့်တဲ့ အကြောင်းအရာတစ်ခု

မှတ်ပုံတင်ရှိမှ ကားလက်မှတ် ရောင်းရမည်ဖြစ်ပြီး မှတ်ပုံတင်ပြနိုင်မှ ကားစီးခွင့်ပြုရမည်

အဝေးပြေးယာဉ်လိုင်းများ ဧပြီ ၁ ရက်နေ့ကစ၍ ကားလက်မှတ်များကို နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်) ရှိသူများကိုသာ လက်မှတ်ရောင်းချရန် ရန်ကုန်တိုင်းစစ်ကောင်စီလက်အောက်ခံ ပုဂ္ဂလိသယ်ယူပို့ဆောင်ရေးကြီး ကြပ်မှုကော်မတီ YRTC က ညွှန်ကြားလိုက်ကြောင်း သ တင်းရရှိသည်။

ရန်ကုန်တိုင်းအတွင်းရှိ အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်း၊ ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နား စခန်းရှိ ရန်ကုန်တိုင်းအခြေပြုယာဉ်လိုင်းများအား လုံးအနေဖြင့် ခရီးသွားမည့်သူများကို နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံ တင်)ရှိမှသာ ကားလက်မှတ် ရောင်းချရမည်ဖြစ်ပြီး မှတ် ပုံတင်ပြသနိုင်မှသာ ကားစီးနင်းခွင့်ပြုရန် မတ်လ ၂၅ ရက်နေ့က ညွှန်ကြားထားကြောင်း သိရသည်။

” မနက်ဖြန် ၁ ရက်နေ့ကစလို့ အကျုံးဝင်မယ်ပေါ့။ ကားလက်မှတ်ကိုယ်တိုင်လာဖြတ်ရင် Seating Plan မှာ စာ ရင်းသွင်းတာနဲ့ မှတ်ပုံတင်ပြခိုင်းရမယ်။ ဖုန်းနဲ့ booking ဆိုရင်လည်း မှတ်ပုံတင်နံပါတ်ပြောခိုင်းရမှာပေါ့ ။ ကားစီးမယ့်အချိန်မှာလည်း ကားမထွက်ခင် လူစိ မှတ်ပုံတင်စစ်ဆေးပြီးပြခိုင်းရမယ်။ စုံမှကားထွက်လို့ရမယ်။ ကျန်ခဲ့တာတွေမပါတာတွေဆိုစီးခွင့်မရှိဘူး” ဟု မင်္ဂလာဒုံမြို့ နယ် အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းက အ မည်မဖော်လိုသူ ယာဉ်လိုင်းတာဝန်ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

” စတာကမနက်ဖြန်မှဆိုတော့ ဘယ်လိုတွေလုပ်မလဲဆိုတာမသိသေးဘူး။ ကျနော်တို့ယာဉ်လိုင်းတွေကိုတော့ မှတ်ပုံတင်မပါရင်အဲ့ဒီခရီးသည်ကိုခေါ်ကို မလာနဲ့ဆိုတဲ့ပုံစံမျိုး။ ထောက်ခံစာလည်းမရတော့ဘူး။ ကျနော်တို့မစစ်ဆေးလို့ အဲ့ဒီလိုမှတ်ပုံတင်မပါတာကို သူတို့စစ်တာနဲ့တွေ့ခဲ့ရင် ဖမ်းတာဆီးတာတွေ ရှိမယ်၊ကားကိုလည်းရစ် တာတွေရှိမယ် လို့တော့ထင်ပါတယ်” ဟု သူကဆိုသည်။

စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဌာနကလည်း ဧပြီ ၁ ရက်နေ့ကစ၍ နိုင်ငံအနှံ့မှတ်ပုံတင်စစ်ဆေး ခြင်းလုပ်ငန်းလုပ်ဆောင်မည်ဖြစ်ပြီး ခရီးသွားလာခြင်း၊ တည်းခိုနေထိုင်ခြင်းများတွင် ယခင်ကဲ့သို့ထောက်ခံစာများဖြင့်ခွင့်ပြုတော့မည်မဟုတ်ကြောင်း ထုတ်ပြန်ထား သည်။

Leave a Reply

Your email address will not be published. Required fields are marked *