ဇွဲကပင်တောင်ပေါ်မှာ ယနေ့နံနက် ရုပ်အလောင်း ပြန်ရရှိတဲ့ ညီမငယ်ရဲ့ နောက်ကွယ်က အကြောင်းရင်း

ဇွဲကပင်တောင်ပေါ်မှာ ယနေ့နံနက် ရုပ်အလောင်း ပြန်ရရှိတဲ့ ညီမငယ်ရဲ့ ဖြစ်စဉ်ဟာ သာမန်ဖြစ်စဉ်နဲ့ မတူဘူးလို့ ပြောရမှာပါ။ ရုပ်အလောင်းကို သစ်ရွက်များ၊ ကျောက်တုံးများနဲ့ ဖုံးအုပ်ထားပါတယ်။

ရုပ်အလောင်းကို တောင်တက်ခွေးတွေ အရင် စတင်တွေ့ရှိခဲ့ပြီး ညီမငယ် နဲ့အတူ တောင်အတူတက်ခဲ့တဲ့ အမျိုးသားဟာ ကော့ကရိတ် မြို့နယ်၊ နွားခြံကုန်း ရွာသား တမီလ်လူမျိုး တဦး ဖြစ်ပြီး သေဆုံးသူ ညီမငယ်ရဲ့ ချစ်သူလို့ ယူဆကြပါတယ်။

ယခု သေဆုံးသူ ညီမငယ်ရဲ့ ရည်းစားကို သက်ဆိုင်ရာက အပူတပြင်း ရှာဖွေ နေပြီး အခု ညပိုင်းအထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ကြားသိရပါတယ်။

သေဆုံးသူ ညီမငယ်ဟာ ဘားအံမြို့နယ်၊ တောကြီးကုန်း ရွာသူ ဖြစ်ပြီး ဒုတိယနှစ် တက္ကသိုလ်ကျောင်းသူတဦး ဖြစ်ပါတယ်။ ကောင်းရာသုဂတိ လားပါစေ ညီမငယ်။

Leave a Reply

Your email address will not be published. Required fields are marked *