ဗိုလ်ကြီး ကျော်မျိုးဟိန်း၏ မိဘလည်းဖြစ်၊ စစ်တပ်အမာခံ သတင်း ပေးလည်းဖြစ်သူ လင်မယားSee More…

ရန်ကုန်၊ ဧပြီ ၂

မန္တလေးတိုင်း၊ မိုးကုတ်မြို့ အောင်သုခ ရပ်ကွက်တွင် နေထိုင်သော အကြမ်းဖက် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူများလည်းဖြစ်၊ စစ်အင်ဂျင်နီယာ ဗိုလ်ကြီး ကျော်မျိုးဟိန်း၏ မိဘလည်းဖြစ်သူ ကိုမျိုးနှင့် ချိုချိုတို့ ဇနီးမောင်နှံကို ယနေ့ ဧပြီလ ၂ ရက်နေ့ နံနက် ၉နာရီခန့်တွင် နေအိမ်ရှေ့၌ အမည်မသိ သေနတ်သမားများက ဝင်ရောက် ပစ်ခတ်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ထို အကြမ်းဖက် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ကိုမျိုးနှင့် ချိုချိုတို့ ဇနီးမောင်နှံသည် စစ်အင်ဂျင်နီယာ ဗိုလ်ကြီး ကျော်မျိုးဟိန်း၏ မိဘများဖြစ်ပြီး ၎င်း၏ သားဖြစ်သူမှာ စစ်ဗိုလ်ဖြစ်သောကြောင့် ပြည်သူများကို မောက်မောက်မာမာ ဆက်ဆံ တတ်သူများ ဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ယနေ့ ပစ်သတ်ခံရပြီး သေဆုံးသွားသော လင်မယား ၂ဦးသည် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း၌လည်း အမည်မသိ သေနတ်သမားများ ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရပြီး လက်မောင်းကို ကျည်ထိမှန်ခဲ့သောကြောင့် ဆေးရုံသို့ တက်ရောက်ကုသခဲ့ရသေးကြောင်း သိရသည်။

အလားတူ ရန်ကုန် မြောက်ဒဂုံမြို့နယ် ၃၂ ရပ်ကွက်တွင် နေထိုင်သည့် အကြမ်းဖက် စစ်ကောင်စီခန့် ဆယ်အိမ်မှူး စန်းမင်းထွန်းကို ယနေ့ ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၁၁နာရီ ၅ဝ မိနစ်ခန့်တွင် ရန်ကုန်မြို့ပြ ပျောက်ကြားတပ်ဖွဲ့ဖြစ်သော Spring Brothers Force အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ယင်း ဆယ်အိမ်မှူး စန်းမင်းထွန်းသည် သေနတ်ကျည် ၆ချက်ထိမှန်ခဲ့ပြီး သေဆုံးကာ ရပ်ကွက်နေ ပြည်သူများကို ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေသူဖြစ်ကာ ပျူစောထီး အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ် ည ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဧပြီလ ၁ရက်နေ့ နံနက် အစောပိုင်းတွင် Justice Bringer Force -JBF တပ်ဖွဲ့က မီးပုလင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အုပ်ချုပ်ရေးမှူးရုံး မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *