မန္တလေး၌ ကားဖြင့်သွားလာနေသူ အမျိုးသမီးတစ်ဦး ထိုးကြိတ်ဒဏ်ရာများဖြင့် ကားပေါ်တွင် သေဆုံးနေ

မန္တလေး၌ ကားဖြင့်သွားလာနေသူ အမျိုးသမီးတစ်ဦး ထိုးကြိတ်ဒဏ်ရာများဖြင့် ကားပေါ်တွင် သေဆုံးနေ၊
ငွေနှင့် ရွှေထည် ထည့်ထားသော အနီရောင် ကျောပိုးအိတ်လည်း ပျောက်ဆုံး

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၌ အချိန်ကြာမြင့်စွာ ရပ်တန့်ထားသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ ထိုးကြိတ်ဒဏ်ရာများဖြင့် သေဆုံးလျှက်ရှိသည့် အမျိုးသမီးတစ်ဦး တွေ့ခဲ့ရကြောင်း သတင်းရရှိသည်။

ဧပြီလ (၁)ရက် ည(၈)နာရီခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ (က)ရပ်ကွက်၊ (၁၁၅၇၃) လမ်းထောင့်တွင် မော်တော်ယာဉ်တစ်စီး အချိန်ကြာမြင့်စွာ ရပ်တန့်ထားကြောင်း ရပ်ကွက်နေ ပြည်သူများက အကြောင်းကြားသဖြင့် နယ်မြေခံရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ MDY/—- ၊ Suzuki မော်တော်ယာဉ်အား တွေ့ရပြီး ၎င်းမော်တော်ယာဉ်ပေါ်တွင် အမည်မသိ အမျိုးသမီးတစ်ဦးအား အဝတ်အစားများမပါရှိဘဲ မျက်နှာထိုးကြိတ်၊ လျှာထွက်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း စစ်ကောင်စီ ရဲတပ်ဖွဲ့နှင့် နီးစပ်သူများကလည်း အတည်ပြုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ စစ်ဆေးလျက်ရှိကြောင်း စစ်ကောင်စီ ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများက ဆိုသည်။

” ကျွန်တော့ တပည့်မ မနေ့ညက ငွေလုပြီး အသတ်ခံရလို့ပါ၊ ၇၃နဲ့ ၁၁၅ဒေါင့်မှာ အလောင်းတွေ့ပါတယ် ၊ သူနဲ့အတူပါသွားတဲ့ ငွေနှင့်ရွှေများထည့်ထားတဲ့ ကျောပိုးအိတ် အနီရောင် ပျောက်နေပါတယ်၊ တွေ့ရှိပါက အကြောင်းကြားပေးပါ ” ဟု သေဆုံးသူအမျိုးသမီးနှင့် နီးစပ်သူတစ်ဦးက လူမှုကွန်ရက်၌ ရေးသားထားသည်။

မန္တလေးမြို့ပေါ်၌ လူအသွားအလာ ပြတ်တောက်သည့် နေရာများ၌ ပစ္စည်းယူ လုယက် လူသတ်သည့် ဖြစ်ရပ်များ မကြာခဏ ကြားလာရကြောင်း မြို့ခံများက ဆိုကြသည်။

TFM

Leave a Reply

Your email address will not be published. Required fields are marked *