ဇွဲကပင်တောင် အမျိုးသမီး သေဆုံးမှု တိမ်းရှောင်သူ အမျိုးသားကို ဖမ်းမိ စစ်ဆေး

ဇွဲကပင်တောင် အမျိုးသမီး သေဆုံးမှု တိမ်းရှောင်သူ အမျိုးသားကို ဖမ်းမိ

ကရင်ပြည်နယ်၊ ဇွဲကပင်တောင်ပေါ်မှာ အမျိုးသမီး ငယ်တစ်ဦး သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး ထွက်ပြေး တိမ်းရှောင်နေတဲ့

အမျိုးသားကို ဧပြီ ၂ ရက်၊ ည၉နာရီခွဲ ဝန်းကျင်က ကြာအင်းဆိပ်ကြီး မြို့နယ်မှာ ဖမ်းဆီးရ မိပြီ ဖြစ်တယ်လို့ ထုံးအိုင်နယ် မြေရဲစခန်းကနေ သိရပါတယ်

အဲ့ဒီအမျိုးသားကို ဖမ်းဆီးရ မိရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ခဲ့ရာမှာ KNU/KNLA PC က ဖမ်းဆီးရ မိခဲ့တာဖြစ်တယ်လို့ သိရပါတယ်

ဖမ်းဆီးရမိသူကို သွားရောက်ခေါ်ဆောင်ဖို့ စီစဉ် ဆောင်ရွက်နေပြီး ထုံးအိုင်နယ်မြေ ရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ၃၀၂နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်

One News

Leave a Reply

Your email address will not be published. Required fields are marked *