မန္တလေးကျုံးလမ်းမကို ဧပြီလ ၄ ရက် နေ့နှင့် ၅ ရက်နေ့ အသုံးမပြုကြရန်PDFအဖွဲ့ကြေငြာ

မန္တလေးကျုံးပတ်လည် လမ်းမကို ဧပြီလ ၄ရက်နေ့နှင့် ၅ရက်နေ့ မနက် ၅နာရီမှ ၈နာရီအတွင်း အသုံးမပြုကြရန် မန္တလေးတပ်ပေါင်းစုအဖွဲ့ကထုတ်ပြန်ကြေညာထားသည်။

အဆိုပါနေ့များတွင် မန္တလေးကျုံးပတ်လည် လမ်း၈၀၊၁၂လမ်းနှင့်၂၆လမ်းကြား၊ ၂၆လမ်း၊၆၆လမ်းနှင့် လမ်း၈၀ကြား၊၆၆လမ်း၊၂၆လမ်းနှင့် ၁၂လမ်းကြား၊၁၂လမ်း၊လမ်း၈၀နှင့် ၆၆လမ်းကြား စသည့် လမ်းများကို မနက် ၅နာရီမှ ၈နာရီအထိ အသုံးမပြုကြရန် ထုတ်ပြန်ထားခြင်းဖြစ်သည်။

“မသွားနဲ့ဆိုတော့လည်းမသွားရုံပေါ့။ကျွန်တော်ကအလုပ်သွားရင် လမ်း၈၀ကိုအသုံးပြုရတာ။အဲ့နေ့တွေရှောင်သွားရုံပေါ့”ဟု မန္တလေးမြို့မှ လူငယ်တစ်ဦးကပြောသည်။

မြို့ပြပြောက်ကျားအဖွဲ့များ၏ ထုတ်ပြန်ချက်ကိုမလိုက်နာဘဲ မိမိသဘောဖြင့်ဖြတ်သွားပြီး ထိခိုက်မှုရှိပါက တာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မစ်ရှင်တွေအတွက် အမြဲတမ်းကြိုးစားနေပါတယ်။ကျွန်တော်တို့ရဲ့ အချိန်အခါအရထုတ်ပြန်ချက်တွေကို လိုက်နာပေးပါ “ဟု Ranger Of Mandalayအဖွဲ့မှ ဗိုလ်ဖီးနစ်က လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားထားသည်။

မန္တလေးမြို့တွင် စစ်ကောင်စီက အကြမ်းဖက်စစ်ဆေးမှုများပြုလုပ်နေသော်လည်း စစ်အုပ်စုတပ်စွဲထားသည့်နေရာများ နေ့စဉ်တိုက်ခိုက်ခံနေရသည်။

Mizzima

Leave a Reply

Your email address will not be published. Required fields are marked *