ကလေးမြို့က လွှတ်တော်ကိုယ်စားလှယ်တွေနေအိမ်အချို့ ချိပ်ပိတ်ခံရ

စစ်ကိုင်းတိုင်း ကလေးမြို့က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး ခေါ် ဒေါ်အေးအေးမူနဲ့ ဒေါ်သန့်ဝေကျော်တို့ရဲနေအိမ်တွေကို စစ်ကောင်စီက ဇန်နဝါရီလ ၁၉ ရက်နေ့က ချိပ်ပိတ်ခဲ့တယ်လို့ ကလေးမြို့ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ဒေါ်ရှားမီးရဲ့နေအိမ်ဟာ ကလေးမြို့ ဗိုလ်ချုပ်လမ်း စမ်းမြို့ ရပ်ကွက်မှာရှိပြီး၊ ဒေါ်သန့်ဝေကျော် အိမ်ကတော့ ကလေး ဂန့်ဂေါလမ်း က မြို့သာမှာဖြစ်ပြီးတော့ မနေ့က စစ်ကောင်စီက ချိပ်ပိတ်ခဲ့တာလို့လည်းပြောပါတယ်။

ဒီလွှတ်တော်ကိုယ်စားလှယ်တွေဟာ သူတို့နေအိမ်တွေကနေ ရှောင်တိမ်းနေကြတာ ကြာပြီဖြစ်တယ်လို့ လည်းဘီဘီစီကို ကလေးမြို့ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းတမူးနဲ့ ချင်းပြည်နယ် ဖလမ်းတို့မှာလည်း လွှတ်တော်ကိုယ်စားလှယ်နေအိမ်တွေ မနေ့က ဇန်နဝါရီလ ၁၉ ရက်နေ့က ချိပ်ပိတ်ခံရပြီး တမူးမြို့မှာ အိမ် ၈ လုံးနဲ့ ဖလမ်းမြို့မှာ တစ်လုံး ပါဝင်တယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *