ယူကရိန်းနိုင်ငံသားတွေဆီက လုယူခိုးဝှက်ယူလာတဲ့ ပစ္စည်းတွေကို အိမ်ပြန်ပို့နေတဲ့ ရုရှားစစ်သားများ

ယူကရိန်းနယ်စပ်က ဘယ်လာရုစ်စာတိုက်တွေမှာ ရုရှားစစ်သားတွေနဲ့ ပြည့်နှက်နေတယ်လို့ ဒေသခံသတင်းတွေက ဖေါ်ပြပါတယ်။

ဘယ်လာရုစ်နိုင်ငံထဲကို တပ်ပြန်ဆုတ်လာတဲ့ ရုရှားတပ်သားတွေဟာ ယူကရိန်းကုန်တိုက်တွေက ခိုးယူလာတဲ့ တီဗီ ကွန်ပြူတာ မိုဘိုင်ဖုန်း အ၀တ်လျှော်စက် စတာတွေကို စာတိုက်တွေကနေ ရုရှားက မိသားစုတွေဆီ လာပို့နေကြတာလို့ ဘယ်လာရုစ်သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

ပုံထဲမှာတော့ ရုရှားစစ်သားတွေဟာ သုံးပြီးသားလို့ ယူဆရတဲ့ အိမ်အသုံးအဆောင် ပစ္စည်းတွေကို တပျော်တပါး ပါဆယ်ထုပ်ပြီး စာတိုက်ကနေ ပို့နေတဲ့ ပုံတွေ မြင်ရပါတယ်။

စာတိုက် စီစီတီဗီကနေ ရိုက်ကူးထားတဲ့ ပုံတွေမှာ ရုရှားစစ်သားတွေဟာ ရယ်ရယ်မောမောနဲ့ ပစ္စည်းလက်ခံတဲ့ ကောင်တာမှာ ပို့ရမယ့် လိပ်စာများကို စာရင်းသွင်းနေကြတာကို တွေ့ရပါတယ်။

သေချာတာ တခုကတော့ စစ်ဖြစ်နေတဲ့ ယူကရိန်းနိုင်ငံကနေ ဘယ်ပစ္စည်းမှ အကောင်းတိုင်း မရနိုင်သလို ပိုက်ဆံ ပေးဝယ်လို့ ရတာလည်း မဟုတ်ပါဘူး။ အဲဒါကြောင့် ရုရှားစစ်သားတွေ အိမ်ပြန်ပို့နေတဲ့ ယခု ပစ္စည်းတွေဟာ ယူကရိန်း ပြည်သူတွေဆီက လုယက်လို့ ရလာတဲ့ ပစ္စည်းတွေပဲ သေချာပေါက် ဖြစ်လိမ့်မယ်လို့ ကောက်ချက်ချနိုင်ပါတယ်။

ရုရှားတပ်တွေဟာ ယူကရိန်းမြို့တော် ကိယက်ဗ်ဒေသကနေ ပြန်လည် ဆုတ်ခွာတဲ့ လမ်းတလျှောက်မှာ တန်ဖိုး ရှိတဲ့ ပစ္စည်းတွေ မှန်သမျှကို ရသလောက် သယ်ယူသွားကြတာ ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ကောက်ချက်ချနေကြပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *