ဂျပန်နိုင်ငံမှာ အချိန်မရွေး ငလျင်ကြီးတွေ လှုပ်ခတ်နိုင်ကြောင်း သတင်းထုတ်ပြန်ကြေညာထား

ဂျပန်ကတော့ အနာဂတ်မှာ ကိုယ်ယုံကြည်ရာ ဘုရားတရားကို လက်ကိုင်ထားပြီး ပြင်သင့်တာ ပြင်ဆင်ထားဖို့တော့ လိုအပ်လို့လာပြီလို့ ပြောလာကြတယ်…

ဘာလို့ဆို ပေါက်ကွဲချင်တဲ့ ဘုံးတစ်လုံးကို ဖင်ခုထိုင်ထားရသလို ဂျပန် ရဲ့ ကာဂိုရှီးမား စီရင်စုနဲ့ မီယာဇာကီ စီရင်စုကြား က ကီရီရှီးမား တောင်တန်းပေါ်က ရှိမွန်ဒါခိ မီးတောင်မှာ မီးတောင်ငလျင်လူပ်ခတ်မူတွေ ဖြစ်ပွားလာတာကြောင့် ဂျပန်မိုးဇလက သတိကြီးစွာထားပြီး စောင့်ကြည့်နေရပါပြီ။

၂၇ ရက်နေ့ ညနေ ၅နာရီ ၂၀မိနစ်မှာ ပထမအဆင့် မီးတောင်အသက်ဝင်နေကြောင်း သတိထားကြပါလို့ သတ်မှတ်ထားရာကနေ အဆင့်၂ မီးတောင်တစ်ဝိုက်သတိပေးစည်းကမ်းတွေ ထိ တိုးမြင့်ထုတ်လာတယ်လို့ တွေ့ရတယ်..

ဒီနောက်မှာ အသေးစားပေါက်ကွဲမူတွေ ဖြစ်ပေါ်နိုင်မူရှိပြီး ကြီးမားတဲ့မီးတောင်ပေါက်ကွဲမူဖြစ်ရင် မီးတောင်၀ကနေ ၂ ကီလိုမီတာထိ ပေါက်နိုင်ပြီး ချော်ရည်က မီးတောင်၀ကနေ တစ်ကီလိုမီတာထိ စီးနိုင်ကြောင်းခန့်မှန်းထားပါတယ်..

ရှိမွန်ဒါခိမီးတောင်အောက်ကနေ ငလျင်တွေလူပ်ခတ်နေပြီး ၂၇ရက်နေ့ ညနေ၅နာရီထိ ၂၄နာရီအတွင်း အကြိမ်၂၀ခန့် ပေါက်ကွဲမူတွေဖြစ်နေတယ်လို့ ထုတ်ပြန်ထားတယ်..

ဒါတွေက သတိမထားလို့မရဘူး ဘာလို့ဆို ခုတလော ဂျပန်မှာ မဂ္ဂနီကျု့၆ ထိ ငလျင်တွေလူပ်ခတ်လာတာကြောင့် မီးတောင်လူပ်ခတ်မူတွေက ဆက်စပ်ဖြစ်ပေါ်လာတယ်.

ဇွဲမာန်

Leave a Reply

Your email address will not be published. Required fields are marked *