ဒီကာလမှ မရူးရင် ဘယ်တော့မှ မရူးတော့ဘူး လို့ပြောလာတဲ့ ပန်ဆယ်လို

ဒီကာလမှ မရူးရင် ဘယ်တော့မှ မရူးတော့ဘူး။
မအိမ်လုံးတွေ လိုက်ဖမ်းလို့ ခွေးပြေးဝက်ပြေး ပြေးနေရတုန်ကတောင် အခုလောက်မရူးချင်ခဲ့ဘူး။ ရှိသမျှ အကုန်သိမ်းခံရတုန်းကလည်း အခုလောက် မရူးချင်ခဲ့ဘူး။

ရှေ့ရက်က ဘွန်းတွေ၊ လေလံတွေ ဆက်တိုက်၊ ဒီရက် ငှက်ကင်ပရော့ဂျက်၊ နောက်လာမယ့် လေးပတ်လုံး 007 ခရီး Fund Raise ခရီးတွေ ဆက်တိုက်။

ငှက်ကင်ပရော့ဂျက်က ရက်တိုအတွင်း ဝုန်းရတာဆိုတော့ ဘဏ်အကောင့်ကိစ္စတွေက ချာလည်လှည့်နေရတာ။ ကမ္ဘာ့အရှေ့ခြမ်း နေ့ဘက် ကိုယ်တွေ ညဘက်မှာ လုံးဝမအိပ်ရဲဘူး။ အိပ်နေတုန်း တစုံတရာဆို စီမံဖို့ လွတ်သွားမှာ စိုးလို့။

ဒီကြားထဲ ထောက်ပို့နေကျ အဖွဲ့တွေကလည်း စာမပြန်လို့ စိတ်ကောက်ကြသူကကောက်။ အသစ်စိစစ်ရမှာတွေကလည်း မလုပ်နိုင်တော့ အချို့က ကြိမ်းမောင်းသွားကြသေးတာလည်း ခံရသေး။ အချို့မိတ်ဆွေတွေကလည်း စာမပြန်လို့ ချေတာလား နှာကစ်လို့ ပတ်တောင်းပန်နေရ။

လူလည်း အငွေ့ပျံချင်နေပြီ။

Leave a Reply

Your email address will not be published. Required fields are marked *