ပုဂ္ဂလိကဘဏ်အချို့ တုန်ကင်ယူစရာမလိုဘဲ တစ်ပါတ်ငွေ(၅)သိန်း ထုတ်ပေးမှုများစတင်

ပုဂ္ဂလိကဘဏ်အချို့ တုန်ကင်ယူစရာမလိုဘဲ တစ်ပါတ်ငွေ(၅)သိန်း ထုတ်ပေးမှုများစတင်

ဧပြီလ ၄ ရက် မှစတင်၍ ဘဏ်ခွဲများတွင် မိမိအကောင့် မှငွေသားထုတ်ယူသည့်ကိစ္စ ဖုန်းဆက် တိုကင်ယူရန်မလိုဘဲ တစ်ပတ် ကျပ် ၅ သိန်း အထိ ငွေသားထုတ်ယူနိုင်ပြီဖြစ်ကြောင်း ရိုးမဘဏ်က ကြေညာထားခြင်းဖြင့် ပုဂ္ဂလိကဘဏ်အချို့ တုန်ကင်ယူစရာမလိုဘဲ တစ်ပါတ်ငွေ(၅)သိန်း ထုတ်ပေးမှုများစတင်နေပြီဟု သိရသည်။

အလားတူ uab bankဘဏ်ကလည်း ၎င်း ဘဏ်ခွဲများအားလုံးတွင် ငွေထုတ်ယူမှုပမာဏနှင့် စပ်လျဉ်းပြီး

တစ်ဦးချင်း အကောင့် (individual old account) ဖွင့်ထားသော customer များအနေဖြင့် မိမိဖွင့်ထားသော ဘဏ်ခွဲ၌ (၁) ပတ်အတွင်း ကျပ် ၅ သိန်း၊ (၁) လအတွင်း အများဆုံး ကျပ် သိန်း ၂၀ အထိ တုန်ကင် ယူရန်မလိုပဲ ငွေသားထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း ယနေ့ ဧပြီလ ၅ရက်တွင်ကြေညာထားသည်ကိုတွေ့ရသည်။

CB Bankက လည်း ၎င်း၏ Customer များ Individual Old Account မှနေ၍ ငွေသားထုတ်ယူနိုင်ရေး တိုကင်ကြိုတင်ရယူဖို့ မလိုအပ်ဘဲ ငွေသားထုတ်ယူနိုင်မည့် ဘဏ်ခွဲများအား CB Bank က အပတ်စဉ်ဆက်လက်တိုးချဲ့လျှက်ရှိနေသည်ဟု သိရသည်။

ဗဟိုဘဏ်က ဧပြီ ၁ရက်နေ့ကစပြီး ကျန်းမာရေးနှင့် ဘာသာရေးဆိုင်ရာကိစ္စရပ်များအတွက် လူတစ်ဦးချင်း၏ ဘဏ်စာရင်းအသီးသီးမှတစ်ပတ်လျှင် အများဆုံး ကျပ်သိန်း (၁၀၀) ထုတ်ယူ နိုင် ကြောင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ် ပြင်ဆင်သတ်မှတ်ထားမှုရှိထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *