မြန်မာနိုင်ငံမှာ အိုမီခရွန် ၂၈ ဦးထပ်တွေ့

ကယ်ဆယ်ရေး လေယာဥ်တွေနဲ့ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာသူတွေထဲက ၂၈ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲ အိုမီခရွန် ပိုးကူးစက်ခံထားရတာထပ်တွေ့ ရတယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

လေယာဥ်တွေနဲ့ ပြန်ဝင်လာသူတွေကို စစ်ဆေးခဲ့ရာ မှာအခုလိုတွေ့ရှိခဲ့တာဖြစ်ပြီးတော့ အဲ့ဒီလူတွေအားလုံးဟာမြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ဇန်နဝါရီလ ၂၀ ရက်နေ့ ထုတ်ပြန်ချက်ကဆိုပါတယ်။

အဲ့ဒီလို ပြန်ဝင်လာသူတွေကို စစ်ဆေးခဲ့ရာမှာ မလေးရှားကပြန်လာသူ ၁၈ ဦး၊ဖိလစ်ပိုင်က ၆ ဦး၊ ထိုင်းက ၃ ဦး၊ စင်ကာပူက ၄ ဦး၊ အိန္ဒိယက ၂ ဦးနဲ့ ယူအေအီးနဲ့ ရုရှနိုင်ငံတို့က တစ်ဦးစီဖြစ်တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ နှောင်းပိုင်းကစပြီး မြန်မာနိုင်ငံမှာ (ကိုရိုနာဗိုင်းရပ်စ်)မျိုးဗီဇကွဲ အိုမီခရွန် တွေ့ရှိခဲ့ပြီးနောက်ပိုင်း အိုမီခရွန်ကူးစက်ခံရတဲ့သတင်းတွေ ခပ်စိပ်စိပ် တွေ့လာရတာဖြစ်ပါတယ်။

ကိုဗစ် ၁၉ ရောဂါ(ကိုရိုနာဗိုင်းရပ်စ်)မျိုးဗီဇကွဲ အိုမီခရွန်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့က မြန်မာနိုင်ငံကို လေကြောင်းက ပြန်၀င်လာသူ ၄၂ ဦး မှာတွေ့ရှိခဲ့ပါသေးတယ်၊

ဇန်နဝါရီ ၁၈ ရက်အထိ မြန်မာနိုင်ငံမှာ အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် ကူးစက်ခံရသူ ၁၁၈ ဦးရှိလာပြီဖြစ်ပြီး အခုထပ်ပြီးတွေ့တဲ့ ၂၈ ဦးပါထည့်တွက်ရင် အိုမီခရွန်တွေ့သူ တစ်ရာ့လေးဆယ်ကျော်လာပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *