ရန်ကုန် မြောက်ဥက္ကလာပတွင် မီးလောင်မှု နေအိမ်၁၀လုံးခန့် လောင်ကျွမ်းသွားခဲ့

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်၊ သုမာလာ (၁၄)လမ်းတွင် ယနေ့ ဓပြီလ ၅ရက် မနက် ၉ နာရီကျော်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

မနက် ၉နာရီ ၂၀မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့သည်ဟု မီးငြိမ်းသတ်ရာတွင် ပါဝင်ခဲ့သူတစ်ဦးကပြောသည်။

“မီးကတော့ များတယ်။နေအိမ်တွေလောင်ကုန်တာပေါ့။မီးသတ်တွေ အချိန်မီရောက်လာလို့ ဒီလောက်နဲ့ ရပ်သွားတာ။အိမ်တွေကလည်း ဆက်နေတော့ အချိန်မီတာ မရောက်လာရင် အကုန်ကုန်နိုင်တယ်”ဟု မြို့ခံတစ်ဦးက ပြောပြသည်။

မြို့ခံအချို့က မီးလောင်မှုကြောင့် နေအိမ် ၁၀လုံးခန့် ပါသွားနိုင်ကြောင်းပြောဆိုကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *