မြန်မာပြည်မယ်က ရေကူး၀တ်စုံ ယဉ်ယဉ်လေး
တင်ဖို့ အဲ့လိုစာအရှည်ကြီးနဲ့ SeeMore…

ရေကူးဝတ်စုံနဲ့ မရှက်ဖူးလား လို့မေးတာကို
ထမီနဲ့ရေကူးရမှာလားလို့ ပြန်ပြောတာခံရဖူးတယ်

အဲ့တာ ငယ်ငယ်ကပါ အမကြီးတစ်ယောက်ကိုမေးခဲ့တာ။ ကိုယ်ကအပျိုပေါက်ဆိုတော့ အားနေရင်ရှက်နေတတ်တာပေါ့။ ကိုယ်ကိုတိုင်ကမ်းခြေတွေရောက်တော့လည်းမဝတ်ဖြစ်ပါဖူး။ ဝတ်လည်းဟိုဆွဲချ ဒီဆွဲတင် အင်္ကျီတွေအပေါ်ကထပ်နဲ့
နောက်ဆုံးကမ်းခြေရောက်ရင်
ဂျင်းဘောင်းဘီနဲ့ပဲ ရေဆော့ဖြစ်တာပဲများပါတယ်။

ဒါပေမဲ့ တရက်ကျတော့ Maldive သွားမယ်ပေါ့လေ။ အဖေကပြောတယ် ရေကူးဝတ်စုံလှလှထည့်သွားတဲ့။ ဟင်????

အမလေး အဖေကအဲ့လိုပြောစရာလားပေါ့နော်။
မပြီးသေးဘူး ဆက်ပြောသေးတယ်။ ကိုယ်ကြောင်သွားတာ သိလို့ထင်တယ်.. ဘာလို့လဲသိလားသမီးတဲ့ .. ငယ်တုန်းမို့ဝတ်လို့ရတာ ဝတ်လို့လှတာတဲ့။
အသက် ၆၀ လောက်မှာပြန်ကြည့်ရင် စိတ်ချမ်းသာပြီးပျော်ရအောင်လို့တဲ့လေ။

ပြီးတော့ ကမ်းခြေမှာရေကူးဝတ်စုံ ဝတ်တာဘာဆန်းလဲ။ ဘောလုံးကွင်းမှာဘောလုံးဝတ်စုံဝတ်ရမယ်။
ဘုရားသွားရင် လုံလုံခြုံခြုံဝတ်ရမယ်။
ဒူးနေရာဒူး တော်နေရာတော်ပေါ့ တဲ့။

အဲ့တာနဲ့ကိုယ်လည်း အဖေ့စကားနားထောင်ပြီး
နောင် အသက်ကြီးလို့ပြန်ကြည့်တိုင်းစိတ်ချမ်းသာရအောင် ရိုက်ထားမိလိုက်တယ်လေ။ 😁😁😁
အမှန်ကတော့ ၁၆ နှစ်လောက်ကတည်းကရိုက်ခဲ့ရမှာကွာ။ 😁😁😁

မမက အသက်60ကျော်လည်း လှနေမှာပါ

ဟာသပါ 😘

Leave a Reply

Your email address will not be published. Required fields are marked *