ကျောက်စိမ်းတစ်တုံး ကို သိန်း (၄၀၀) ပေးဝယ်ပြီး ပုတီး လုပ်လိုက်တဲ့အခါ

ကျောက်စိမ်းအရိုင်းတုံး တစ်ခုကို သိန်း(၄၀၀)ပေး ဝယ်ပြီး ပုတီး လုပ်လိုက်တဲ့ အခါ တန်ဖိုးက အဆမတန် တက်လာပါတယ်။

ကျောက်စိမ်းပုတီးပြုလုပ်ပုံ အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ကျောက်စီမ်းတွေ အကန်ကအသတ်မရှိအထိန်းအကွပ်မဲ့ တူးဖော်ပြီး

တရုတ်ကို အတုံးလိုက် တန်နဲ့ချီပြီး ရောင်းနေကြတာ တကယ်တော့ နှမြောစရာ ကောင်းလှပါတယ်။

မြန်မာပြည်က ရောက်သွားတဲ့ ကျောက်စိမ်းအရိုက်တစ်တုံးဟာ တရုတ်ပြည်ရောက်သွားရင် နည်းပညာနှင့် အချောထည်လုပ်လိုက်တဲ့အခါ ဒေါ်လာသန်းချီ တန်တဲ့ပစ္စည်း ဖြစ်သွား ပါတယ်။

ခုတော့ ကျောက်စီမ်းဈေးကွက်က တရုတ်ပြည်ကိုရောက်သွားပါပြီ…မသိတဲ့နိုင်ငံတွေကတော့ ကျောက်စိမ်းက တရုတ်ပြည်ကထွက်တယ်လို့တောင် ထင်နေကြပါပြီ။

ကျောက်စိမ်းကိုတရုတ်ပြည် သွားရောင်းနေကြတဲ့ အဖြစ်မျိုးကနေ ကျောက်စိမ်းကို နိုင်ငံတကာက လူတွေ ကမြန်မာပြည်လာဝယ်ရအောင် လုပ်သင့်နေ ပါပြီ။

ဒီသိန်းလေးရာတန်ကျောက်စိမ်းတုံးလေးကို ကျောက်စိမ်းပုတီးလုပ်လိုက်တဲ့အခါ တန်ဖိုးက သုံးဆကျော်လောက် တက်သွားပါတယ်။

ဒီပုတီးတစ်ကုံးရဲ့ တန်ဖိုး ဟာ SGG အခေါ် ၁၀ ဆိုဒ်ပိုင်ရှင်ကတော့ တစ်ကုံး သိန်း ၅၀၀ လောက်မှန်းမယ်ထင်တယ်။

ကျောက်စိမ်းလုပ်ကွက်တွေကို အကန့်အသတ်မရှိတူးဖော်ဖို့ ရောင်းစားနေမယ့်အစားပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေ တစ်ပိုင်တစ်နိုင် တူးဖော်ခွင့်ပြုပြီး

ကုန်ချောပစ္စည်းလေးတွေ နိုင်သလောက်ထုတ်ပြီး တဖြည်းဖြည်း ဈေးကွက်ထူထောင်မယ်ဆိုရင် မြန်မာ့ကျောက်စိမ်းဟာ နှစ်ပေါင်းများစွာ ရှာစားလို့မကုန်နိုင်ပါဘူး။

နည်းပညာအသုံးပြု ဖန်ဆီပစ္စည်းနဲ့လူသုံးကုန် ပစ္စည်းမျိုးမျိုး ထုတ်လုပ် ကာ ရောင်းချမယ်ဆိုလျှင် ပြည်တွင်းလုပ်ငန်းရှင်တွေလည်း ဦးမော့လာနိုင်ပါတယ်။

ကျောက်မျက်တူးဖော်မှုနဲ့အရိုင်းတင်ပို့ခြင်းကိုကန့်သတ်ခွင့်ပြုသင့်ပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ပြောင်းလဲလာမည့် ကျောက်စိမ်းဥပဒေတွေကလည်း နိုင်ငံသူ/သားတွေအတွက်အကျိုးရှိပြီး

သယံဇာတ ပြုန်းတီးခြင်းမှလည်းကာကွယ်နိုင်မယ်၊နိုင်ငံအတွက်လည်းအကျိုးမယ် ဈေးကွက်လည်းဖွံ့ဖြိုးတည်ငြိမ်လာမယ်ဆိုရင်အကောင်းဆုံးပါ။

Leave a Reply

Your email address will not be published. Required fields are marked *