(၁၀)တန်း စာမေးပွဲဖြေတာကို စောင့်နေသည့် အမေဖြစ်သူကို ကျောင်းလုံခြုံရေးယူထားသည့် စစ်ကောင်စီ တပ်သားတစ်ဦး၏ သေနတ်မှ ကျည်ထိမှန်

6.4.22

❗️(၁၀)တန်း စာမေးပွဲဖြေတာကို စောင့်နေသည့် အမေဖြစ်သူကို ကျောင်းလုံခြုံရေးယူထားသည့် စစ်ကောင်စီ တပ်သားတစ်ဦး၏ သေနတ်မှ ကျည်ထိမှန်

ပဲခူးတိုင်းဒေသ၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရှိ သက္ကလမြို့၏ အထက်တန်းကျောင်း၌ ယနေ့ ဧပြီလ(၆)ရက်နေ့ နံနက်(၁၀)နာရီခွဲက လုံခြုံရေးယူထားသည့် အာဏာသိမ်းစစ်‌ကောင်စီတပ်သားတစ်ဦး၏ သေနတ် ကျည်ထွက်ရာမှ ကျောင်းသားမိခင်တစ်ဦးကို ထိမှန်သွားကြောင်း ဒေသခံများက ပြောသည်။

ကျည်ထိမှန်သူ အမျိုးသမီးမှာ ၎င်းကျောင်း၌ ဆယ်တန်းစာမေးပွဲဖြေဆိုနေသော ကျောင်းသားကို လာစောင့်နေသည့် မိဘတစ်ဦးဖြစ်ပြီး လက်ရှိတွင် သက္ကလဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *