စီးပွားရေးသမားကြီးတွေ ထည့်နေကျ ဂျင်းနှင့် ဒေါ်လာဈေးကျမယ်ဆိုပြီး ဖွနေတဲ့ လော်ဘီတွေ ( စကစဖိအားကို ကြောက်လို့လား၊ စျေးကွက်ကို အချက်အလက်မှားနဲ့ ဖိန့်လုံးပေးပြီး ကိုယ်ကျိုးအတွက် ကစားကွက်ရွေ့နေတာလား၊ ဗေဒင်မမေးပါနဲ့ ၂ခုလုံး အတိအကျပါပါတယ် )

စီးပွားရေးသမားကြီးတွေ ထည့်နေကျ ဂျင်းနှင့် ဒေါ်လာဈေးကျမယ်ဆိုပြီး ဖွနေတဲ့ လော်ဘီတွေ ( စကစဖိအားကို ကြောက်လို့လား၊ စျေးကွက်ကို အချက်အလက်မှားနဲ့ ဖိန့်လုံးပေးပြီး ကိုယ်ကျိုးအတွက် ကစားကွက်ရွေ့နေတာလား၊ ဗေဒင်မမေးပါနဲ့ ၂ခုလုံး အတိအကျပါပါတယ် )

ဆရာ့ဆရာကြီးတွေ ဒေါ်လာစျေးကို စကစက ကိုင်လို့ စျေးကျမယ် သွင်းကုန်တွေ စျေးကျမယ် ဘာညာလျှောက်ပြောနေတာကြည့်ပြီး ဒီလူတွေဟာ အတည်ပေါက်ကြီးနဲ့ ဂျင်းထည့်တဲ့နေရာမှာတော့ တော်တော်ကို ဝါရင့်တာပဲလို့ မြင်ပါတယ် စကစဖိအားကို ကြောက်လို့လား၊

စျေးကွက်ကို အချက်အလက်မှားနဲ့ ဖိန့်လုံးပေးပြီး ကိုယ်ကျိုးအတွက် ကစားကွက်ရွေ့နေတာလား၊ ဗေဒင်မမေးပါနဲ့ ၂ခုလုံး အတိအကျပါပါတယ် ဒေါ်လာစျေးကို အစိုးရက တကယ်ဖိဖိစီးစီး ပီပီပြင်ပြင်ကိုင်တွယ်နိုင်ရင်တော့ နေဦး ဒီမယ် ခဗျား စိတ်ကူးယဉ်မနေနဲ့ ဘယ်တုန်းက

ကိုင်တွယ်နိုင်ခဲ့ဖူးလို့လဲ သာမန်အခြေအနေတောင် မကိုင်တွယ်နိုငိတာ ခုလို အရူး-င် သရဲ–ိုးသလို ပြာယာခတ်နေတဲ့အခြေအနေမှာ ကိုင်တွယ်နိုင်မယ်လို့ ခဗျားထင်နေရင်တော့ ကျုပ်တို့ခဗျားတို့သာမန်လူတွေသာ -ာဖြစ်တော့မှာ တရားဝင်တွေကို မှောင်ခိုဖြစ်အောင် တွန်းပို့တာပဲ ဖြစ်သွားမှာပါ။ မြန်မာငွေက တန်ဖိုးတက်လာစရာ ဘယ်နားမှာများ ဘာအကြောင်းများရှိလို့လဲ။ အခု စကစလုပ်နေတာက ပြင်ပကနေ တောလှန်ရေးအတွက်

တရားဝင်/တရားမဝင် ဝင်လာမယ့်ငွေကြေးစီးကြောင်းကို ထိန်းချုပ်ဖို့လုပ်တာ သတင်းအစုံဖတ်ရင် ထင်းထင်းကြီးပေါ်ပါတယ်ဗျာ၊ တကယ့်တကယ်ကျ စီးပွားရေးလောကဆိုတာ ရုပ်တည်ကြီးနဲ့ ဂျင်းထည့်နေကြတဲ့ လောကပါဗျာ။ ကျနော်ပြောတာ မှန် မမှန် တပတ်နေရင် သိရမှာပါ။ အဲဒီကျ ကျုပ်ဆီက ပန်ကာတွေ ဆိုလာမီးအိမ်တွေ မုန့်တွေလာဝယ်ကြ အခု ပစ္စည်းတွေ အကုန်ရောက်ပြီ။ စျေးတက်မယ်ဆိုတာ သိလို့ ခုမရောင်းသေးတာ

ခုရတာက ကျစျေးနဲ့ရထားတာ ပြီးမှ တက်စျေးနဲ့ မိလို့ဗျာလို့ ပလီပြီးရောင်းမှာ ကိုင်း အဲဒါသာကြည့်တော့ စျေးသည်ပေါက်စပဲ ဖြစ်သေးတဲ့ ကျုပ်တောင် သောက်ကျင့်တော်တော်ယုတ်နေပြီ ကုန်သည်ကြီးတွေဆို ဘယ်လောက်တောင် အင်း ပြောတော့ပါဘူး။ သူတို့ကျ ရှေ့တွေ့ရင် ကျုပ်က ဆရာခေါ်ရတာဗျ ငိငိ

Leave a Reply

Your email address will not be published. Required fields are marked *