မင်းကင်းနယ် မအူကုန်းမြောက်ရွာမှာ လူ ၅ ဦး အသတ်ခံရ

မင်းကင်းမြို့နယ် မအူကုန်းမြောက်ရွာမှာ အမျိုသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦး ဇန်နဝါရီလ ၁၉ ရက်နေ့ က ရွာထဲကို ဝင်ရောက်ဖမ်းဆီးပြီး အနောက်ဘက် သုသာန်မှာ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက တစ်ဆင့်သိရပါတယ်။

အသတ်ခံရသူတွေဟာ ကြံ့ခိုင်ရေးပါတီက စည်းရုံးရေးမှူးတစ်ဦးနဲ့ ရွာသူ ရွာသားတွေဖြစ်တယ်လို့လည်း သူတို့ကပြောပါတယ်။

ဒေသလက်နက်ကိုင်တွေဘက်ကတော့ စစ်ကောင်စီသတင်းပေး ၅ ဦးကို သုတ်သင်ခဲ့ပြီးတစ်ဦးက ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ရေးပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီသတင်းနဲ့ပတ်သက်လို့ တူမီးသေနတ် ဓားတွေကိုင်ဆောင်ထားသူတွေက မအူကုန်းမြောက်ကျေးရွာနေ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးကို ‌ဖမ်းပြီး သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း တစ်ဦးကတော့ ထွက်ပြေးစဥ်သေနတ်ထိမှန်ပြီးဆေးကုသ မှုခံနေရတယ်လို့လည်း သတင်းမီဒီယာတွေကို ပြန်လည်ပြောဆိုပါတယ်။

မင်းကင်းမြို့နယ် တောင်တွင်းဒေသ တောင်စာရေးရွာမှာ ဇန်နဝါရီလ ၂၀ ရက်နေ့က စစ်ကောင်စီ အင်အား ၂၀၀ ခန့်ဟာတောင်တွင်း PDF ရှိမည်ထင်တဲ့ နေရာတွေကိုလက်နက်ကြီးနဲ့ပစ်ကူပေးပြီးနောက် PDF စခန်းရှိနိုင်တဲ့နေရာတွေကို ရှာဖို့လုပ်နေတယ်လို့လည်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *