ဒေါ်လာကို မြန်မာငွေနဲ့ မလဲပါက ထောင် (၃) နှစ် ချမည်ဟု စကစထုတ်ပြန် (ခွင်တွေ ထပ်ပေါ်လာဦးမှာလား)

ဒီကနေ့ ဧပြီ (၄)ရက်နေ့ကစပြီး ပြည်တွင်းမှာနေထိုင်သူတွေရဲ့ ပြည်ပကနိုင်ငံခြားသုံးငွေနဲ့ ရရှိတဲ့ဝင်ငွေတွေကို နိုင်ငံခြားသုံးငွေတွေ ‌ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်း (AD) လိုင်စင်ရဘဏ်တွေမှာ နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ပြီး အလုပ်လုပ်ရက် (၁) ရက်အတွင်း ကျပ်ငွေနဲ့ လဲလှယ်ရောင်းချရမယ်လို့ စကစဗဟိုဘဏ်က ထုတ်ပြန်လာပါတယ်။

အဲဒီအတွက် ငွေကျပ်လဲလှယ်နှုန်းအဖြစ် အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၁၈၅၀ကျပ်နဲ့ သတ်မှတ်ပေးလိုက်ပြီး တခြားငွေ လဲလှယ်ဈေးတွေကိုလည်း ၁၈၅၀ကျပ် နဲ့ သာ အခြေခံတွက်ချက်ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ငွေလဲလှယ်နှုန်းအပြောင်းအလဲရှိရင် ဗဟိုဘဏ်ကနေ အဲဒီအတွက်ထပ်ပြီး ညွှန်ကြားသွားမယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ဒါ့အပြင်နိုင်ငံခြားသုံးငွေတွေ ပြည်ပကို လွှဲပြောင်းတာကိုလည်း နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီရဲ့ ခွင့်ပြုချက်နဲ့သာ ဆောင်ရွက်ရမယ့်အပြင် ညွှန်ကြားချက်တွေဆက်ထုတ်ပြန်သွားဖို့ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒီထုတ်ပြန်ချက်တွေကိုလိုက်နာမှုမရှိရင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဉပဒေအရ အရေးယူတာခံရမယ်လို့လည်း ဆိုပါတယ်။

အတိုပြောရရင် ပြည်တွင်းမှာဒေါ်လာကိုင်ပြီးယားခွင့်မရှိတော့ဘူး။ ဖမ်းမယ် ဒေါ်လာအကုန်သူတို့ ယူမယ် မင်းတို့မြန်မာကျပ်ပဲကိုင် …. (Aung Khine Min)

စကစက ဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်ပြီး အကောင့်ထဲထည့်ခိုင်းနေပေမယ့်လည်း ဘဏ်တွေကတော့ ပြည်သူတွေကို အခုထိ ငွေထုတ်မပေးနိုင်သေးပါဘူး။ ဒေါ်လာနဲ့ မြန်မာငွေ မလဲပါက အရေးယူနိုင်တဲ့ ဥပေဒနဲ့ ပြစ်ဒဏ်ကို အောက်မှာ ဖော်ပြ ပေးလိုက်ပါတယ်-

နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၃၈) – မည်သူမျှ နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် တမျိုးမျိုး မရှိဘဲ နိုင်ငံခြား သုံးငွေ လုပ်ငန်းလုပ်ကိုင်ခြင်း မပြုရ။

မည်သူမဆို ပုဒ်မ ၃၈ ပါ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက် မပိုသည့် ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည့် အပြင် သက်သေခံပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် အမိန့်ချမှတ်ရမည်။

Leave a Reply

Your email address will not be published. Required fields are marked *