တီလားပီးယားငါးကို လုံးဝ မစားသင့်တဲ့ အကြောင်းအရင်းများ

တီလားပီးယားငါးကို လုံးဝ မစားသင့်တဲ့ အကြောင်းအရင်းများ

အရပ်ထဲမှာက နုတ်ကျိုးနေတဲ့ ဇလားဗီယား လို့ခေါ်တဲ့ တီလားပီယား ငါးအကြောင်း ကျနော်တို့စားနေတဲ့အဲဒီငါးအကြောင်းကြားရတာ ကြောက်စရာကြီးမို့ ပြောပြချင်လို့ပါ ။

တီလားပီယား သဘာဝအရိုင်းများက ရေမှော် ရေညှိ အပင်ငယ်များကိုသာ စားသုံးကြပြီး မွေးမြူရေးတီလားပီယားကတော့ လူလုပ်အစာများကိုသာ စားကြရပါတယ် ။ ဒါကြောင့် မွေးမြူရေးတီလားပီယား ငါးများမှာ သဘာဝအရိုင်း တီလားပီယား များလို ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ ငါးအဆီ မပါရှိတော့ပါဘူး ။

မွေးမြူရေးတီလားပီယား ငါးများဟာ ကျန်းမာရေး ကို ဘယ်လို ထိခိုက်စေသလဲ ဆိုတော့

ရောင်ရမ်းစေခြင်း – မွေးမြူရေးတီလားပီယားငါးကို စားသုံးခြင်းဖြင့် ရှိရင်းစွဲရောဂါများကို ပိုဆိုးစေပါတယ် ။ ဥပမာ ပန်းနာရင်ကြပ်ရောဂါ ၊ နှလုံးရောဂါ ၊ အဆစ်အမြစ် ရောင်ရောဂါ များ ပိုဆိုးလာပါတယ် ။ မွေးမြူရေးတီလားပီယားငါးမှာ Omega 3 fatty acid မပါတော့လို့ ဖြစ်ပါတယ် ။

ကင်ဆာဖြစ်စေသောဓါတ်များ – မွေးမြူရေးတီလားပီယားများကို ကြက် ဝက် ဘဲ တို့ ၏ အညစ်အကြေး များဖြင့် ပြုလုပ်ထားသော အစာများ ကြွေးကြပါတယ် ။ တီလားပီယား သဘာဝငါးအရိုင်းထက် မွေးမြူရေးတီလားပီယားငါးမှာ ကင်ဆာဖြစ်စေသည့် ဓါတ် ၁၀ ဆ ပိုမိုပါဝင်နေပါတယ်။

ပိုးသတ်ဆေး / ပဋိဇိ၀ဆေးများ – မွေးမြူရေးငါးများဟာ တနေရာတည်းမှာ အကောင်ရေများစွာ ပြွတ်သိပ် နေရသည့်အတွက် ရောဂါဖြစ်လွယ် သေလွယ်ပါတယ် ။ ဒါကြောင့် ရောဂါမဖြစ်ပွားအောင် ပဋိဇီဝဆေး ( Antibiotics ) များ ထည့် လေ့ရှိပါတယ် ။ ငါးများမှာ သန်းမစွဲအောင် ပိုးသတ်ဆေး ( Pesticides ) များလည်း ထည့်ကြပါတယ် ။ ၎င်းဓါတ်များက စားသုံးသူကို အဆိပ်အတောက်ဖြစ်စေပါတယ် ။

အိုမီဂါ ၃ နည်းခြင်း – မွေးမြူရေးတီလားပီယားငါးများဟာ ၀နေတဲ့အတွက် အကောင်ကြီးပါတယ် ။ ပရိုတိန်းပါဝင်မှု နည်းပါတယ် ။ အိုမီဂါ ၃ ပါဝင်မှု နည်းပါးပြီး အိုမီဂါ ၆ အချိုးအစား များစွာပါဝင်ပါတယ် ။ အိုမီဂါ ၆ က များများစားမိရင် ရောင်းရမ်းမှုတွေဖြစ်စေပါတယ် ။

ဒိုင်အောက်စင်များခြင်း – ဒိုင်အောက်စင်ဓါတ်ဟာ ကင်ဆာဖြစ်စေပါတယ် ။ ကိုယ်ထဲကို တခါဝင်မိရင် ဖယ်ထုတ်ပစ်ဖို့ ၇ နှစ်ကနေ ၁၁ နှစ်ထိ ကြာပါတယ် ။ သဘာဝငါးထက် မွေးမြူရေတီလားပီယားမှာ ဒိုင်အောင်စင် ၁၁ ဆ ပို ပါဝင်ပါတယ် ။ ငါးမွေးမြူရေးလုပ်များအနက် တရုတ်ပြည်က ငါးမွေးမြူရေး လုပ်ငန်းတွေမှာ စီးလွတ်ဝါးလွတ် လုပ်ကိုင်မှုကြောင့် ၊ အဲဒီက တီလားပီးယားငါးတွေက ပိုဆိုးတယ်လို့ လေ့လာမှုများက ဖေါ်ပြ ပါတယ် ။

မြန်မာပြည်အကြောင်းတော့ မပါပါဘူး ။ မြန်မာပြည်မှာလည်း မဆလ ခေတ်ကစပြီး တီလားပီယားမွေးမြူရေး အကြီးအကျယ် စတင်ခဲ့ပါတယ် ။ စားသုံးမှု လည်း အရှိန်အဟုန်ကြီးခဲ့ပါတယ် ။ ယခုကာလမှာ စားသုံးမှုက အရှိန်ရနေပါပြီ ။ စည်းလွတ်ဝါးလွတ် လုပ်တဲ့နေရာမှာ မြန်မာလည်း တရုတ်အောက် လျော့မယ် မဟုတ်လို့ ၊ ကျနော်တို့ ဆီက တီလားပီယားတွေလည်း တရုတ်က တီလာပီယားတွေနဲ့ နင်လား ငါလားနေမှာပါ ။ အစားအသောက်အန္တရာယ်တွေက ရှာဖွေလေလေ တွေ့ ရှိလေလေ ဆိုတော့။

ကျန်းမာချမ်းသာကြပါစေ
ဒေါက်တာမြင့်သိန်း

Leave a Reply

Your email address will not be published. Required fields are marked *