ဗဟိုဘဏ်ဒုတိယဥက္ကဌ ဒေါ်သန်းသန်းဆွေနေအိမ်တွင် ပစ်ခတ်ခံရ

ဗဟိုဘဏ်ဒုတိယဥက္ကဌ ဒေါ်သန်းသန်းဆွေ နေအိမ်တွင် ပစ်ခတ်ခံရ

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဌ ဒေါ်သန်းသန်းဆွေ ယနေ့ နံနက်က သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ၊ ဗဟန်းမြို့နယ် ရွှေဂုဏ်ရိပ်မွန်အိမ်ရာရှိ သူ၏နေအိမ်တွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး သေဆုံးခြင်းရှိမရှိကိုမူမသိရသေးကြောင်း သိရသည်။

“သူတို့ လင်မယား နှစ်ယောက်လုံးလို့ ပြောတယ်၊ အခု က တပ်မတော်က အဲဒီကိစ္စကို ဆောင်ရွက်ကိုင်တွယ်နေတယ်။သေတယ် ရှင်တယ် မသိရသေးဘူး။”ဟု အဆိုပါ ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး ကပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *