ဒေါ်လာကို မြန်မာငွေနဲ့ ပုံသေဈေး လဲဖို့အမိန့် နောက်ကွယ်က အဓိကအကြောင်းရင်း ( ထုတ်သမျှ အမိန့် အားလုံး ပြည်သူကို ဒုက္ခရောက်စေရမယ်လို့များ သစ္စာဆိုထားတာလား အမလ…)

ဒေါ်လာကို မြန်မာငွေနဲ့ ပုံသေဈေး လဲဖို့အမိန့် နောက်ကွယ်က အဓိကအကြောင်းရင်း ( ထုတ်သမျှ အမိန့် အားလုံး ပြည်သူကို ဒုက္ခရောက်စေရမယ်လို့များ သစ္စာဆိုထားတာလား အမလ…)

အခုဆို မြန်မာကျပ်ငွေတွေ အသစ်ထပ် ရိုက်နှိပ်ဖို့ အသင့်ဖြစ်နေပါပြီ။ နောက်ပြီး ဘဏ်တွေကလည်း တလ ၅ သိန်း ငွေသား ထုတ်ယူလို့ ရနေပါပြီ။ ဒီတော့ ဘာဖြစ်မလဲဆိုတော့ နောက် ၂ လအတွင်းမှာ ရွှေဈေး၊ ဒေါ်လာဈေး၊ ကားဈေး၊ တိုက်ခန်းဈေးနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန် တက်ဖို့ရှိနေပါတယ်။ အဲဒီအခြေအနေကို ကြိုသိလို့ အခုလို ငွေကြေးဖောင်းပွမည့် မုန်တိုင်းမလာခင်

လေငြိမ်နေတဲ့အခါမှာ ရွှေလုပ်ငန်းရှင်ကြီးတွေ၊ ဒေါ်လာသမားတွေက ရွှေ၊ ဒေါ်လာတွေကို စကစ ကို ကူလေဟန်ဖြင့် ဈေးတွေ အဆမတန် ထိုးကျအောင် ဈေးကစားပြပါလိမ့်မယ်။ ဘာလို့ အဲလို လုပ်လဲဆိုတော့ ဒေါ်လာနဲ့ ရွှေတွေဟာ မြန်မာကျပ်ငွေလိုသူတို့လိုတိုင်း ထုတ်လို့မရပါဘူး။

ရွှေဈေးကျ၊ ဒေါ်လာဈေးကျတာကို ဒီ ၁၅ ရက်အတွင်းမှာ ဆက်တိုက်ဖြစ်လာမှာပါ။ သူတို့ဟာ ပြည်သူဆီက ဂုတ်သွေးစုပ်ဖို့ ပြည်သူအထာ သိသလို ပြည်သူတွေ စားဝတ်နေရေးမပြေလည် ကုန်ဈေးနှုန်းတွေ တက်လာလို့ အတွင်းပစ္စည်း ရွှေထည် ဒေါ်လာတွေကို ထုတ်ရောင်းပြီး စားသောက်ရတော့မယ်ဆိုတာလည်း အကင်းပါးကြပါတယ်။ နောက်ပြီး ပြည်သူတွေရဲ့ စိတ်ကိုလည်း ကောင်းကောင်းနားလည်ပါတယ်။

ပြည်သူတွေဟာ တကယ် လုပ်စားလို့ကောင်းတဲ့ လောဘသားတွေနဲ့ တူလို့ပါ။ ရွှေဈေး တအားတက်ရင် ကြိတ်ကြိတ်တိုး ဝယ်နေကြသလို ရွှေဈေးတအားကျနေရင်လည်း ဆက်ကျမှာ ကြောက်ပြီး မိမိလိုအပ်နေတဲ့ ငွေတွေ ရွှေဈေးအတက်ကို ပြန်စောင့်ချိန်မရှိတော့

ခရိုနီအပေါင်းအပါ ကစားတဲ့ ပေါက်ဈေးနဲ့ မရောင်းချင်ပဲ ရောင်းရပါတော့တယ်။ အခုဆို ရှေ့တိုးမည့်နွားတွေက နောက်တလှမ်းဆုတ်နေတဲ့ အချိန်မှာ မအလအပေါင်းအပါနဲ့ ခရိုနီတွေက ရွှေဈေးအပေါ် အောက်ဈေးနှိုက်ဖို့ ပေါက်ဈေးကို ကျသထက် ကျအောင် ကစားပြီး ဈေးကွက်ထဲက ရွှေတွေထွက်လာအောင် ဈေးကျတော့မယ်ဆိုတဲ့ အကြောက်တရားသွင်းပြီး ပြည်သူတွေ ဈေးကျမှာ စိုးပြီး လာရောင်းအောင် လုပ်တဲ့ အကွက်ပါ။ ရွှေဈေး ကျဖို့ဆိုတာ မြန်မာကျပ်ငွေတန်ဖိုး ပြန်မာမှ ဖြစ်မှာပါ။ ကုန်ဈေးနှုန်းနဲ့ ဒေါ်လာတန်ဖိုး ပြန်ကျမှ ရွှေဈေးက လိုက်ကျမှာ။

မြန်မာကျပ်ငွေတန်ဖိုးမရှိပဲ ငွေစက္ကူတွေ အလုံးအရင်း ဆက်ရိုက် ဆက်ထုတ်နေလို့ကတော့ ဈေးကွက်မှာ ငွေဖောင်းပွလာပြီး ကုန်ဈေးနှုန်းတွေက ထိန်းမရလောက်အောင် တက်လာမှာမလို့ ရွှေဈေး မကျတဲ့ အပြင် ပြည်သူတွေ အငတ်ဘေး ရင်ဆိုင်ရတော့မည့်အဖြစ်က ပိုကြောက်စရာကောင်းနေတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *