ရခိုင်ပြည်နယ်တွင် ၅ ရက်မြောက် တက္ကသိုလ်ဝင်တန်းဖြေဆိုသည့် ကျောင်းသား/ကျောင်းသူပေါင်း သုံးသောင်းကျော် ဝင်ရောက်ဖြေဆို

ရခိုင်ပြည်နယ်တွင် ၅ ရက်မြောက် တက္ကသိုလ်ဝင်တန်းဖြေဆိုသည့် ကျောင်းသား/ကျောင်းသူပေါင်း သုံးသောင်းကျော် ဝင်ရောက်ဖြေဆို

အပြည့်စုံ…..

ရခိုင်ပြည်နယ်အတွင်း ၅ ရက်မြောက်နေ့
တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ စုစုပေါင်း ၃၃၉၇၀ ဦးရှိကြောင်းရခိုင်ပြည်နယ် ပညာရေးနှင့် ပတ်သက်သည့် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ယနေ့ ဧပြီ ၅ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာ
အဖြစ် ရူပဗေဒဘာသာရပ်ကို ဖြေဆိုရသည့်
နေ့ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ယနေ့ဖြေဆိုသူ ကျောင်းသား (၁၅၀၇၂)ဦးရှိပြီး၊ ကျောင်းသူ (၁၈၈၉၈)ဦး စုစုပေါင်း (၃၃၉၇၀)ဦးရှိကြောင်း သိရသည်။ ယခု ၂၀၂၁- ၂၀၂၂
ပညာသင်နှစ်အတွက် တက္ကသိုလ် ဝင်တန်းစာမေးပွဲဖြေဆိုရာ၌ ရခိုင်ပြည်နယ်သည် ဝင်ရောက်ဖြေဆိုသူ အများဆုံး ဖြစ်သည်။

မနက်ဖြန်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့ဘာသာတွဲအလိုက် ဧပြီ ၆ရက်နေ့တွင် ဇီဝဗေဒ/ ဘောဂဗေဒ၊ ဧပြီ ၇ ရက်

နေ့တွင် ပထဝီဝင်၊ ဧပြီ ၈ ရက်နေ့တွင်
သမိုင်းနှင့် ဧပြီ ၉ရက်နေ့တွင် စိတ်ကြိုက်မြန်မာစာ တို့ကို နောက်ဆုံးထား၍ ဖြေဆိုသွားကြရမည်ဖြစ်သည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်မှ ဧပြီ ၉ ရက်နေ့အထိ ကိုးရက်ကြာ
ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ယနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ဓာတုဗေဒဘာသာရပ်ဖြေဆိုသူ စုစုပေါင်းမှာ ၂၂၇၇၄၆ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း၉၀ ဒဿမ ၂၂ရာခိုင်နှုန်းရှိကြောင်းပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *