NUGမှ သိန်း၆၀၀၀ ဆုချီးမြင့်မည့် အစီအစဉ် တရားဝင် ကြေငြာ

NUGမှ သိန်း၆၀၀၀ ဆုချီးမြင့်မည့် အစီအစဉ် တရားဝင် ကြေငြာ

လေယာဉ်၊ ရဟတ်ယာဉ်၊ တိုက်ရေယာဉ်များနှင့် CDM ပြုလုပ်လျှင် ဒေါ်လာငါးသိန်း၊ တင့်ကား၊ သံချပ်ကာ ကားများဖြင့် CDM ပြလုပ်လျှင် ဒေါ်လာတစ်သိန်းချီးမြှင့်မည့်အချက်အပါအဝင် ဆုငွေချီးမြှင့်ခြင်းဆိုင်ရာအမိန့် NUGက ထုတ်ပြန်သည်။

ဆုငွေချီးမြှင့်ခြင်းဆိုင်ရာအမိန့်တစ်ရပ် ထုတ်ပြန်ပြီး ယာယီသမ္မတကြီး ဒူဝါလရှီးလက ယနေ့နေ့စွဲဖြင့် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

လေယာဉ်၊ ရဟတ်ယာဉ်၊ တိုက်ရေယာဉ်နှင့်တကွ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ငါးသိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၁၀,၀၀၀၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်များအား အခြေစိုက်စခန်းတွင် ရပ်နားထားစဉ် အကြီးစားပျက်စီးမှု ဖြစ်သည့်အထိ ဖျက်ဆီးနိုင်လျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်‌ဒေါ်လာ သုံးသိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၆,၀၀၀ ချီးမြှင့်မည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

တိုက်ခိုက်ရန် ပျံသန်းလာစဉ် လမ်းခုလတ်၌ ပျက်စီးစေရန် စွမ်းဆောင်နိုင်လျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်ဒေါ်လာ သုံးသိန်း(သို့) မြန်မာကျပ်ငွေ သိန်း ၆,၀၀၀၊ ပစ်မှတ်သို့ ရောက်ရှိအောင် ပျံသန်းလာပြီး ပြည်သူလူထုအား ဗုံးကြဲတိုက်ခိုက်မှုမပြုလုပ်ဘဲ ရည်ရွယ်ချက်ရှိရှိ ထိုးစိုက်ပျက်ကျအောင် စွမ်းဆောင်နိုင်လျှင် ဆုငွေ အမေရိကန်ဒေါ်လာ သုံးသိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၆,၀၀၀ ချီးမြှင့်မည်ဖြစ်သည်။

ထို့ပြင်လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်များအား အကြီးစား ပျက်စီးသည်အထိ ပစ်ခတ်ချေမှုန်းနိုင်လျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်ဒေါ်လာ သုံးသိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၆,၀၀၀၊တိုက်လေယာဉ်ဆီ သိုလှောင်ကန်များအား ထိရောက်စွာ ဖောက်ထုတ်၊ ဖျက်ဆီးနိုင်လျှင် တစ်ကန်လျှင် ဆုငွေ အမေရိကန်ဒေါ်လာ တစ်သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၂,၀၀၀ ချီးမြှင့်မည်ဖြစ်သည်။

လက်နက်တိုက်၊ လက်နက်စက်ရုံများအား ဖောက်ခွဲဖျက်ဆီးနိုင်လျှင် ဆုငွေ အမေရိကန်ဒေါ်လာ တစ်သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၂,၀၀၀၊ မြေပြင်ထိုးစစ်တွင် အသုံးပြုသော တင့်ကား၊ သံချပ်ကာယာဉ်များနှင့်အတူ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာလျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်ဒေါ်လာ တစ်သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၂,၀၀၀ ချီးမြှင့်မည်ဖြစ်သည်။

ထို့ပြင် တင့်ကား၊ သံချပ်ကာယာဉ်များအား သုံးမရတော့သည်အထိ ပစ်ခတ် ချေမှုန်းနိုင်လျှင် တစ်စီးလျှင် ဆုငွေအမေရိကန် ဒေါ်လာ တစ်သိန်း (သို့) မြန်မာ ကျပ်ငွေ သိန်း ၂,၀၀၀ ချီးမြှင့်မည်ဟု NUG ကဆိုသည်။

အပြစ်မဲ့ပြည်သူလူထုအား တိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်တပ် အသုံးပြုနေသည့် စက်ယာဉ်ယန္တရားများသည် ပြည်သူ့အသက်အိုးအိမ်စည်းစိမ်အား ကာကွယ်ရန် ပြည်သူ့အခွန်ဘဏ္ဍာငွေဖြင့် ဝယ်ယူထားသော ပြည်သူပိုင်ပစ္စည်းများသာ ဖြစ်ပြီး ယင်းပစ္စည်းများကိုအသုံးပြုကာ ပြည်သူကို ရက်ရက်စက်စက်ဖြိုခွင်းနေသည်မှာ လုံးဝလက်မခံနိုင်ကြောင်း NUG ကဆိုသည်။

အပြစ်မဲ့ပြည်သူလူထုအား တိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်တပ် အသုံးပြုနေသည့် စက်ယာဉ်ယန္တရားများသည် ပြည်သူ့အသက်အိုးအိမ်စည်းစိမ်အား ကာကွယ်ရန် ပြည်သူ့အခွန်ဘဏ္ဍာငွေဖြင့် ဝယ်ယူထားသော ပြည်သူပိုင်ပစ္စည်းများသာ ဖြစ်ပြီး ယင်းပစ္စည်းများကိုအသုံးပြုကာ ပြည်သူကို ရက်ရက်စက်စက်ဖြိုခွင်းနေသည်မှာ လုံးဝလက်မခံနိုင်ကြောင်း NUG ကဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *