စကစ သင်္ကြန်မဏ္ဍပ် တွေကို ပေါက်ကွဲမှုပြုလုပ်မယ်လို့ သတိပေးပြီး မကြာယနေ့ ပေါက်ကွဲမှုဖြစ်ပွား

စကစ သင်္ကြန်မဏ္ဍပ် တွေကို ပေါက်ကွဲမှုပြုလုပ်မယ်လို့ သတိပေးပြီး မကြာယနေ့ ပေါက်ကွဲမှုဖြစ်ပွား

ယနေ့ ညနေပိုင်းက ရန်ကုန် မြို့တော်ဝန်သင်္ကြန်ရေကစားမဏ္ဍပ်အနီးနား ပေါက်ကွဲ မှု ဖြစ်ပွား

ဧပြီ ၈

ယနေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က ရန်ကုန်မြို့တော်ဝန် သင်္ကြန်ရေ ကစားမဏ္ဍပ် အနီးနားတွင် အသံကျယ်လောင်စွာဖြင့် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း အနီးနားရှိ ပြည်သူတွေက ပြောပါတယ်။

ကျောက်တံတားမြို့နယ်နေ ပြည်သူတစ်ဦးက “ အချိန်က ၄ နာရီ ၂၀ လောက်ဖြစ်မယ်။ ပေါက်ကွဲတဲ့အသံကတော့ တော်တော်လေး ကျယ်တယ်။

စည်ပင် ဝန်ထမ်းတွေ ရုံးဆင်းတဲ့အချိန် သူတို့ ဝန်ထမ်းကြိုပို့ကားတွေ စီးဖို့ သင်္ကြန်မဏ္ဍပ်နား စောင့်နေတဲ့အချိန် ပေါက်ကွဲသံကြီးက အကျယ်ကြီး အုန်းကနဲပဲ ။

အဲဒီအသံကြားတော့ စည်ပင် ဝန်ထမ်းတွေ အကုန် မြို့တော်ခန်းမထဲ ဝင်ပြေးကြတာ တွေ့တယ်။

ကားလမ်း ပိတ်တာမျိုးတော့ မတွေ့ဘူး။ သွားတော့မ ကြည့်ရဲဘူးလေ။

ဘာမဆိုင်ညာမဆိုင်နဲ့ စကားတွေ ပြောနေရမှာဆိုးလို့ ” လို့ ပြောပါတယ်။

MyanmaPlatform

Leave a Reply

Your email address will not be published. Required fields are marked *