သာကောတို့ သီရိလင်္ကာနိုင်ငံကို တစပြီး တစ ဝါးမျိုသွားတဲ့ နည်းဗျူဟာ … ( အဘ တို့ ယူတတ်ရင် သင်ခန်းစာ….)

သာကောတို့ သီရိလင်္ကာနိုင်ငံကို တစပြီး တစ ဝါးမျိုသွားတဲ့ နည်းဗျူဟာ … ( အဘ တို့ ယူတတ်ရင် သင်ခန်းစာ….)

သီဟိုဠ်သမ္မတ မဟိန္ဒာ ရာဇပါစက ဆိုတာ တမီလ်သူပုန်တွေကို ခြေမှုန်း နိုင်ခဲ့တဲ့ အတွက် သူ့ နိုင်ငံထဲမှာ လူကြိုက်များ ရေပန်းစားခဲ့ဖူးတယ်။ အဲ့ဒိ အရှိန်နဲ့ ဆယ်နှစ်လောက် သီရိလင်္ကာကို အုပ်ချုပ်သွားတယ်။ သူ့သက်တမ်း ၂၀၁၅ မှာကုန်တော့ သူ့ပါတီက ကာကွယ်ရေးဝန်ဟောင်း သီရိစန္ဒ သမ္မတဖြစ်လာတယ်။ သီရိစန္ဒ ငါးနှစ်ပြည့်တော့ လက်ရှိသမ္မတ ဂုတ္တဗျယ ရာဇပါစက နန်းတက် အဲလေ သမ္မတဖြစ်တယ်။ သူက မဟိန္ဒာ ရာဇပါစကရဲ့

အမျိုးပဲလေ။ ဒီမိုကရေစီ နိုင်ငံမှာ ရေရှည်အာဏာ ကိုင်ထားနိုင်အောင် တမီလ်ကျား ကိစ္စအပြီး လွတ်တော်ထဲ အင်အားများချိန်မှာ အခြေခံဥပဒေကို အပြေးအလွှားလေး ပြင်ထားတာကိုး။ နောင်တော်ကြီး မဟိန္ဒာ ရာဇပါစက လက်ထက်မှာ ဆိပ်ကမ်း နဲ့ လေဆိပ် ကြီးတစ်ခု ဆောက်ဖို့ စီမံကိန်းရေးဆွဲတယ်။ စီမံကိန်း နှစ်ခုအတွက် လိုအပ်တဲ့ငွေ စုစုပေါင်း ဒေါ်လာ ငါးဘီလျံကို တရုတ်ပြည်က နေချေးတယ်။ တရုတ်ရဲ့ ကမ္ဘာ့ ခါးပါတ်လမ်း မစခင်

တစ်နှစ်ကို ၁ ဘီလျံ ပေးမယ်။ ကျန်တဲ့ ဆိပ်ကမ်းက သီဟိုဠ် စိတ်ကြိုက် အော်ပရိတ်လုပ် ပေါ့။ ငွေကြေးနဲ့ နည်းပညာ မရှိတဲ့ သီဟိုကျွန်းသား တွေ အတွက် တော့ ဘာမှ စိုက်စရာ မလိုဘဲ ဆိပ်ကမ်းနဲ့ လေဆိပ်ကြီး ရမယ် တစ်နှစ် တစ်ဘီလျံ ပိုက်ဆံ ရမယ်။ ပျော်တာပေါ့။ သီဟိုမင်း ဟာ စီးပွားတွက် တွက်တတ်ပုံ မရဘူး။ စီမံကိန်းဟာ ငါးနှစ်အတွင်း ပြီးစီးနိုင်ပေမယ့် အပြည့်အဝ လည်ပါတ်နိုင် ရင်တောင်မှ ကျန် ငါးနှစ် အတွင်း ဘီလျံနဲ့ ချီ အမြတ် မကျန်နိုင်ဘူး။

အစောဆုံး အစီအစဉ်တွေထဲက တစ်ခုပဲ။ စီမံကိန်းကလည်း မြန်မာပြည်မှာ လုပ်သလို BOT ဆိုတဲ့ တရုတ်ကပဲ တည်ဆောက်၊ ပြီးရင် တရုတ်ကပဲ လည်ပါတ်၊ သတ်မှတ်ကာလ ပြည့်ရင် အစိုးရကို လွှဲပြောင်းပေးတဲ့ ပုံစံမျိုး။ တရုတ်က ငွေစိုက်ထုတ်ပေးပြီး တရုတ်ကုမ္ပဏီက ဆောက်မယ်။ အဲ့ဒိ ဆိပ်ကမ်းတွေ ဆောက်ပြီးသွားရင် အဲ့ဒိ ဆိပ်ကမ်းရဲ့ လေးပုံ သုံးပုံကို တရုတ်က ကိုးဆယ့်ကိုးနှစ် ပြန်ငှားပြီး လည်ပါတ်မယ်။ ငှားခက

ချေးထားတဲ့ငွေကို နိုင်ငံ့ ဘဏ္ဍာ ထဲက စိုက်ပြီး ဆပ်ရအုံးမှာ။ ဆပ်နိုင်မလား။ ဆပ်နိုင်တဲ့ ဝင်ငွေ သူ့နိုင်ငံမှာ ရှိရဲ့လား ဆိုတာကို မစဉ်းစားဘူး။ လတ်တရော မက်လုံးတွေ ဖြစ်တဲ့ စီမံကိန်းအတွက် အလုပ်အကိုင်တွေ ဖန်တီးနိုင်မယ်၊ ရေရှည်မှာ တစ်နှစ် တစ်ဘီလျံ ဝင်ငွေရမယ် ဆိုတာမျိုးကို ပဲ စဉ်းစားခဲ့တယ်။ တကယ်တမ်း သီဟိုဠ်က အရင်ကတည်းက ကြွေးအတော်ထူတဲ့ နိုင်ငံ။ သူ့မှာ စုစုပေါင်း နိုင်ငံခြား ကြွေးမြီ ၅၁ ဘီလျံရှိတယ်။ ပြည်တွင်းစစ်ကြောင့်ဘာညာ

အကြောင်းပြပေါ့။ ပြီးတေ့ သီဟိုဠ်ကျွန်း မှာရေနံ မထွက်ဘူး။ ဒီတော့ လောင်စာကို ပြည်ပကနေ လုံးလုံးလျားလျား သွင်းရတယ်။ အဲ့ဒိ လောင်စာကိုလည်း ကြွေးနဲ့ ယူသတဲ့။ အီရန် တစ်နိုင်ငံတည်းတင်ကို သန်း ၂၅၀ ဖိုး ရေနံ အကြွေးယူထားတယ်။ ကမ္ဘာ့ဘဏ်က လည်း ကြွေးတွေယူထားတယ်။ တရုတ် တစ်နိုင်ငံတည်းတင် ၁၁ ဘီလျံ ကြွေးရှိတယ်။ ကိုကြွေးထူ နိုင်ငံပေါ့။ အဲ့ဒိမှာ တရုတ်က ကစားသွားတဲ့ အကွက်တစ်ခုက ပိုလှတယ်။ အဲ့ဒိကြွေးတွေနဲ့

ပါတ်သက်ပြီး သီဟိုဠ် အစိုးရ အမြဲတမ်း ခေါင်းခဲရတယ်။ အဲ့ဒိတော့ တရုတ်ကြီးက သီဟိုဠ်မင်းကို Option တစ်ခု ပေးတယ်။ အဲ့ဒိ ကြွေးတွေကို ပြန်ဆပ်ပလိုက်။ အတိုးနှုံး အရမ်းကြီးလွန်းတယ်။ ပြန်ဆပ်ဖို့ လိုအပ်တဲ့ ငွေကို သူ့တို့ထက် သက်သာတဲ့ အတိုးနဲ့ ငါက ထုတ်ချေးပေးမယ် ဆိုပြီး ကမ်းလှမ်းတယ်။ ကာလတိုအတွက် တော့ ကျေးဇူးရှင်ပေါ့။ တကယ် ဖြစ်သွားတာက တရုတ်ဟာ သူ့ရဲ့ ကြွေးရှင်ကြီး လုံးလုံးလျားလျား ဖြစ်သွားတယ်။ အမျိုး ဘာသာ သာသနာ ဆိုပြီး

မဘသဝါဒ အစွန်းထွက်ပြီး စီးပွားရေးကို နားမလည်တဲ့ သီဟိုသားတွေဟာ သူ့ကြွေးကို ပြန်ဆပ်နိုင်ဖို့ မလွယ်ဘူး ဆိုတာ ကို တရုတ်က ကောင်းကောင်းသိတယ်။ တစ်ဆက်တည်းမှာပဲ တရုတ် ပစ္စည်းတွေကို သီဟိုကို ပေါပေါလောလော ရောင်းပေးတယ်။ ကြွေးရှင်လည်းဖြစ် ဈေးလည်း သက်သာတယ် ဆိုပြီး

သီဟိုဠ် မင်းများက လက်ခံတော်မူလေရဲ့။ အဲ့ဒိမှာတင် တရုတ်ရဲ့ ပို့ကုန် တန်ဘိူးဟာ တစ်နှစ်ကို သုံးဘီလျံခွဲ အထိ တက်သွားတယ်။ သီဟိုက ပြန်ပို့တဲ့ ပစ္စည်းက ရေထွက်ပစ္စည်း နဲ့ လက်ဖက်ခြောက်တို့ ငှက်ပျောသီးတို့လို ဒေသ ထွက်ကုန်တွေ။ အဲ့ဒါတွေစိုက်ဖို့ လိုတဲ့ မြေဩဇာကို တရုတ်ကရောင်းတယ်။ အဲ့ဒိလိုမျိုး။ အဲဒိလို အခြေခံ လိုအပ်ချက် တွေကို အဓိက ရောင်းပေးတဲ့ သူ အနေနဲ့ ကုန်သွယ်မှု့ အရလည်း အသာစီး ရအောင်

ယူထားတယ်။ တရုတ်ရဲ့ ရည်ရွယ်ချက်က အိန္ဒိယ သမုဒ္ဓရာထဲမှာ တရုတ်ပိုင် ဆိပ်ကမ်းကြီး တစ်ခု ကို ဖန်တီးယူဖို့ပဲ။ အဲ့ဒိဆိပ်ကမ်းကို နှစ်ရှည် ထိန်းသိမ်းထားနိုင်ဖို့ ပိုင်ရှင်နိုင်ငံကို ကြွေးနဲ့ ပြန်မိုးထားမယ် စီးပွားရေးနဲ့ ဖိထားမယ် ဆိုတဲ့ သဘော။ သူ့ရဲ့ ကမ္ဘာပါတ် ကုန်သွယ်လမ်းကြောင်း မှာ အရှေ့အလယ်ပိုင်းက လာတဲ့ ကုန်တွေကို သီဟိုဠ် ဆိပ်ကမ်းမှာ တစ်ထောက်နားမယ်။ ပြီးရင် မြန်မာပြည်က ကျောက်ဖြူ ဆိပ်ကမ်းကို သယ်ပို့မယ်။ ကျောက်ဖြူ

ကနေမှာတစ်ဆင့် ရထားလမ်းနဲ့ တရုတ်ပြည် ကူမင်းအထိ သယ်မယ်။ မြန်မာပြည်ထဲ ကနေ ဖြတ်သွယ်ထားတဲ့ ဓါတ်ငွေ့ပိုက်လိုင်းဟာ ရခိုင်ကမ်းလွန်က ဓါတ်ငွေ့ကို ပို့ဖို့ သက်သက်ချည့်ပဲ မဟုတ်ဘူး။ မလေးကျွန်းဆွယ်ကို ပါတ်ပြီး သွားရတဲ့ ခရီးကို ခြုံ့ပစ်ပြီး တရုတ်ပြည်နောက်ပိုင်းမှာ လိုအပ်တဲ့ ကုန်ပစ္စည်းကို တိုက်ရိုက်ဖြည့်တင်း ကုန်သွယ်ဖို့ ရည်ရွယ်တာ။ ဖြစ်ချင်တော့ သီဟိုဠ်သားတွေခမျာ ဆိပ်ကမ်းနဲ့ လေဆိပ်က မှန်းထားတဲ့

ကာလမှာ မပြီး။ စီမံကိန်းအတွက် ရတဲ့ ငွေတွေကို အခြားဘက်မှာ လှည့်သုံးလိုက် တော့ စီမံကိန်း အဆင့် တက်ချိန်မှာ ငွေထုတ် ပေးစရာမရှိ။ စီမံကိန်း တွေနှောင့်နှေး။ သည်ကြားထဲ ကိုဗစ် လက်ချက်နဲ့ နှစ်နှစ်လောက် စီးပွားပျက်။ ကြွေးပြန်ဆပ်ဖို့ ဝင်ငွေက မရှိ။ ဒီနှစ်ထဲမှာ ဆပ်စရာ အကြွေးက ငါးဘီလျံတောင် ရှိတယ်။ မခန့်တာက အကြွေးဒီလောက် ပူနေတာကို ကိုလမ်ဘိုနဲ့ ကန္တီကို ဆက်သွယ်မယ့် အဝေးပြေးလမ်းသစ်

အတွက် တရုတ်ဆီက တစ်ဘီလျံ ထပ်ချေးဖို့ ကြံနေပြန်တယ်။ အီရန်ကို တော့ ရေနံကြွေးကို လက်ဖက်ခြောက်တွေ ပို့ပြီးပြန်ဆပ်မယ် ဆိုပြီး အောက်ကြေးနဲ့ ညှိထားတယ်။ ကြွေးတောင် မဆပ်နိုင်တော့ ရေနံကို အကြွေးနဲ့ ထပ်မပေးတော့။ ဝယ်ဖို့ ကလည်း အာရကေမရှိ။ ဝယ်ရအောင်ကလည်း တက်ဈေးနဲ့မိ။ ဒါနဲ့ပဲ ပြည်တွင်းမှာ လောင်စာ ပြတ်ပြီး အရေးအခင်း ထဖြစ်တာ သမ္မတနဲ့ ဝန်ကြီးချုပ်က လွဲလို့ အစိုးရအဖွဲ့ ထွက်ရတဲ့

အထိ ကသောင်းကနင်း ဖြစ်တော့တာပဲ။ သီဟိုဠ် ဗဟိုဘဏ်က တော့ ကြွေးတွေ အကြေဆပ်ပါ့မယ် မပူကြပါနဲ့ ဘာညာ ဆိုပြီး ကတိတွေပေးနေလေရဲ့။ အဲ့ဒိလို သီဟိုဠ်မှာ ကြွေးပူ ငွေပြတ်လို့ မဘသ အစိုးရ နေ့ချင်းပြုတ်ကျ ပြီး ဘဝပျက်တာ မြင်တော့ မိတ်ဖက်ကြီး မြန်မာနိုင်ငံလည်း မျက်ကလည်း ဆန်ပြာ ဖြစ်ပြီပေါ့။ ဘဏ္ဍာတိုက် ဖွင့်ကြည့်တော့ စီးပွားရေး အံတို နေသလိုလို ဆရာကြီး အထာနဲ့ ထုတ်ရောင်းကောင်းတာ

အရံဒေါ်လာတွေ ကုန်၊ ရေနံဈေးကလည်း တက်၊ စစ်စားရိတ် ကလည်းထောင်း နဲ့ မကြာခင် ပုရှင်မင်းမတြားကြီး ဘဝ ပျက်တော့မှာ မြင်တာကိုး။ ဖြေရှင်းလိုက်ပုံကတော့ သင်းပါတယ်။ ဘဏ်တွေထဲ ထည့်ထားတဲ့ နိုင်ငံသားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ဒေါ်လာကို ဖြတ်အုပ်လိုက်တယ်။ ပြီးတာပဲ။ ပြည့်ဝမ်းကို တစ်ခါတည်း ဓါးနဲ့ ထိုးဖေါက် ပလိုက်တာ။

Leave a Reply

Your email address will not be published. Required fields are marked *