သရုပ်ဆောင် မင်းမော်ကွန်းကို စစ်ကောင်စီမှ လူမှုကွန်ယက်ရေးသားနေမှုအပေါ် ယနေ့တရားဝင်ကြေငြာ

သရုပ်ဆောင် မင်းမော်ကွန်းကို စစ်ကောင်စီမှ လူမှုကွန်ယက်ရေးသားနေမှုအပေါ် ယနေ့တရားဝင်ကြေငြာ

ရန်ကုန်၊ ဧပြီ ၈
လူငယ့်ခေတ်

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှ စတင်ကာ အကြမ်းဖက်စစ်အာဏာရှင်ကို ဆက်တိုက်တွန်းလှန်နေသည့် ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် မင်းမော်ကွန်းကို တော်လှန်ရေးလုပ်ငန်းစဉ်များ

ဆက်လက်လုပ်ဆောင်မည် ဆိုပါက မိဘများ၏ လုံခြုံရေးကို အာမခံမည်မဟုတ်ဟု အကြမ်းဖက်စစ်ကောင်စီကို အားပေးထောက်ခံသည့် တရားမျှတမှုရှာဖွေပေးရေးအဖွဲ့ အမည်ရှိ အဖွဲ့က ဧပြီ ၇ ရက်နေ့ညပိုင်းက စာထုတ် ခြိမ်းခြောက်ခဲ့သည်။

သြင်္ကန်ကာလတွင် ဖျော်ဖြေရေးပြုလုပ်မည့် အနုပညာရှင်များနှင့်ပတ်သက်၍ မင်းမော်ကွန်းက လူမှုကွန်ရက် စာမျက် နှာတွင်

ပြင်းထန်စွာဝေဖန်ခဲ့ပြီးနောက် ၎င်းတို့က မင်းမော်ကွန်း၏ မိဘများအသက်အန္တရာယ်ကို ခြိမ်းခြောက် ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တော်လှန်ရေး လုပ်ငန်းများကို လုပ်ဆောင်နေပြီး လွတ်မြောက်နယ်မြေ တနေရာ၌ ရောက်ရှိနေသည့် သရုပ်ဆောင်

မင်းမော်ကွန်းကို ထိပ်တိုက်ရင်ဆိုင်ခွင့်မရသည့် စစ်ကောင်စီအားပေးသည့် အဖွဲ့က တော်လှန်ရေးလုပ် ငန်းစဉ်များကို နှောင့်နှေးရန် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု သိရသည်။

တရားမျှတမှု ရှာဖွေပေးရေး အဖွဲ့ဟု အမည်ပေးထားသည့် အကြမ်းဖက်အားပေးသူ အုပ်စုသည် ၎င်းတို့၏ ဖေ့စ်ဘုတ်ပေ့ချ်ကို ဇန်နဝါရီလ၌ စတင်ဖွင့်လှစ်ခဲ့ပြီး page ကို Like လုပ်ထားသူမှာ ၆၃ ဦးသာ ရှိသည်။ NUG အစိုးရ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် အာဏာရှင်တော်လှန်ရေး လုပ်ဆောင်နေသူများကို ခြိမ်းခြောက်နေပြီး စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးအဖွဲ့ တဖွဲ့သာ ဖြစ်သည်။

#M02 #Lungekhit

Leave a Reply

Your email address will not be published. Required fields are marked *