ဆရာကြီးပူတင်ရဲ့ရုရှားကို မထင်မှတ်ထားအောင် ဂျင်းကြီးကြီးကျွေးနိုင်ခဲ့တဲ့ ဇီလင်စကီးရဲ့ယူကရိန်း ဗျုဟာ

ဆရာကြီးပူတင်ရဲ့ရုရှားကို မထင်မှတ်ထားအောင် ဂျင်းကြီးကြီးကျွေးနိုင်ခဲ့တဲ့ ဇီလင်စကီးရဲ့ယူကရိန်း ဗျုဟာ

ယူကရိန်းရဲ့ ဗျုဟာ ရုရှားလေတပ်က ဒုံးကျည်တွေနဲ့ပစ်ခတ်နေခဲ့တဲ့ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တင်ကားတွေဟာ အတုတွေ ဖြစ်ကြောင်း ယူကရိန်းရောက် စစ်မြေပြင်သတင်းထောက်တွေက ပြောပါတယ်။ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်တွေကို ရုရှားလေတပ်က ပစ်မှတ်ထားမယ်ဆိုတာသိတဲ့အတွက် အိမ်စီးကားအဟောင်းတွေအပေါ်ကို ဒုံးကျည်ပစ်စင်နဲ့တူအောင်

ဖန်တီးထားတဲ့သစ်သားခုံတွေ တင်ထားတယ်ဆိုပါတယ်။ ရုရှားလေတပ်ဟာ အဲဒီပစ်မှတ်အတုတွေကို ပစ်ခတ်ခဲ့ပြီး အောင်ပွဲခံသတင်းထုတ်ပြန်နေပုံရှိတယ်လို့ ယူကရိန်းစစ်မြေပြင်သတင်းထောက်တွေက ပြောပါတယ်။ ယူကရိန်းတပ်က ဖန်တီးထားတဲ့

ပစ်မှတ်အတုတွေဟာ မြေပြင်မှာတောင် အနီးကပ်ကြည့်မှ သိသာတယ်ဆိုပါတယ်။ ယူကရိန်းတပ်မတော်ဟာ သူတို့ လက်နက်ကြီးတွေထားတဲ့နေရာတွေ လေကြောင်းရန်ကာကွယ်ရေးစနစ်ထားတဲ့နေရာတွေကို လျှို့ဝှက်ထားပြီး ပုံစံအမျိူးမျိုးနဲ့ ပစ်မှတ်အတုတွေ လုပ်ထားတယ်လို့လည်း စစ်မြေပြင်သတင်းထောက်တွေက ပြောပါတယ်။

Leave a Reply

Your email address will not be published.