ဘဝတစ်ပါးသို့ ကူးပြောင်းသွားသော ဖခင်ဖြစ်သူမှ ထူးဆန်းတဲ့အိမ်မက်လာပေးတဲ့ ဖြစ်စဉ်တစ်ခုအား ဝမ်းနည်းစွာဖြင့် ဖွင့်ဟလာတဲ့ ဖွေးဖွေး

စစ်အာဏာရှင်တော်လှန်ရေးကတော့ယနေ့ချိန်ထိတိုင် အားကောင်းနေဆဲဖြစ်ပါတယ်။ 

ဒီတော်လှန်ရေးမှာ နယ်ပယ်အစုံစုံကပါဝင်တော်လှန်နေကြတာပါ။

 ပရိသတ်တွေအရင်းနှီးဆုံးဖြစ်တဲ့အနုပညာနယ်ပယ်ကလည်းတော်လှန်တဲ့သူတွေရှိနေတာပါ။ 

အဲ့အထဲမှာမှ နိုင်ငံကျော်မင်းသမီးတစ်ယောက်ဖြစ်တဲ့ ဖွေးဖွေးလည်းအပါအဝင်ဖြစ်ပါတယ်။

သူမဟာ အာဏာသိမ်းချိန်ကတည်းကတော်လှန်ဆန္ဒထုတ်ဖော်ရင်း ထွက်ပြေးပုန်းရှောင်နေရတာပါ။ 

ခုချိန်မှာပုန်းရှောင်နေရတုန်းဖြစ်ပြီး အချိန်အားဖြင့်တစ်နှစ်ကျော်ကြာနေခဲ့ပြီဖြစ်ပါတယ်။ 

Mပရိသတ်တွေကလည်းသူ့ကိုလွမ်းနေကြတာဖြစ်ပြီး လူမှုကွန်ရက်ကနေတော့စာလေးတွေတစ်ခါတစ်ရံတင်ပေးလေ့ရှိတာပါ။

ခုမှာလည်း သူ့ရဲ့မိသားစုကိုအိမ်မက်မက်ခဲ့ပြီးလွမ်းမိတဲ့အကြောင်းလေးကိုပြောပြခဲ့တာပါ။ 

အဖေ့အကြောင်းအိပ်မက်မက်တယ်…အရင်လိုပဲ သမီးကို ကားမောင်းပေးပြီး တူတူလျှောက်

လည်နေကြတာ .. ပြုံးနေတာပဲ အဖေကအဲ့လိုနေ့တွေဆို အိပ်ပဲနေချင်တော့တယ်နိုးမလာချင်တော့ဘူး..

နိုးလာရင်လဲပို့ထားတဲ့ “ဖွေးကိုလွမ်းတယ်..“ ဆိုတဲ့ Message လေးတွေလိုက်ဖတ်ကြည့်မိပြီး 

ချစ်ရတဲ့ သူတွေကိုလွမ်းလွန်းလို့…

ပန်းလေးတွေတွေ့တိုင်းလဲ…

ကိုယ်မြတ်နိုးတန်ဖိုးထားခဲ့တဲ့ ရုပ်ရှင်တွေကို လွမ်းလွန်းလို့…မထိတွေ့ရတာ ကြာခဲ့ပြီမို့.. . တနေ့နေ့တော့ လွမ်းတဲ့ အဲ့အကြောင်းလေးတွေ ပြန်ပြောပြခွင့် ရချင်ပါသေးရဲ့…လောကကြီးရဲ့ တနေရာမှာ…ပြန်ဆုံချင်ပါသေးရဲ့ …ဆိုပြီးသူ့ခံစားချက်လေးကိုရေးသားထားခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *