ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ် ၄ ခု တွင် ယနေ့ည ၁၁ နာရီနောက်ပိုင်းမှစ၍ လေပြင်းတိုက်ခတ်ကာ မိုးကြီးပြီး မိုးကြိုးပစ်ခြင်းများ သတိပြုရန်ထုတ်ပြန်ကြေညာချက်

ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ် ၄ ခု တွင် ယနေ့ည ၁၁ နာရီနောက်ပိုင်းမှစ၍ လေပြင်းတိုက်ခတ်ကာ မိုးကြီးပြီး မိုးကြိုးပစ်ခြင်းများ သတိပြုရန်ထုတ်ပြန်ကြေညာချက်

ရန်ကုန်တိုင်းအပါအဝင်တိုင်းနှင့်ပြည်နယ် ၄ ခု၌ ဧပြီ ၉ ရက်(ယနေ့)ည ၁၁ နာရီနောက်ပိုင်းမှစ၍ လေပြင်းတိုက်ခတ်ခြင်း၊မိုးကြီးခြင်းနှင့်မိုးကြိုးပစ်ခြင်းများဖြစ်ပေါ်နိုင်သဖြင့်သတိပြုနေထိုင်ကြရန် မွန်၊ကရင်၊တနင်္သာရီမိုးလေဝသ အထူးစောင့်ကြည့်ထုတ်ပြန်ရေးမှထုတ်ပြန်ကြေညာထားပါတယ်။ ထိုသို့ ဖြစ်ပေါ်လာနိုင်ခြင်း

တနင်္သာရီတိုင်းရှိ မြိတ်ခရိုင်နှင့်ထားဝယ်ခရိုင်တို့တွင် လေပြင်းတိုင်ခြင်း၊မိုးကြီးခြင်းနှင့်မိုး ကြိုးပစ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်းသိရပါတယ်။အလားတူ မွန်ပြည်နယ်ရှိကျိုက်ထို၊ တောင်စွန်း၊ဘီးလင်း၊သထုံ၊ကျိုက်ကော်၊ပေါင်၊မော်လမြိုင်၊ချောင်းဆုံ၊မုဒုံ၊ကျိုက်မရော၊ကျိုက်ခမီနှင့်သံဖြူဇရပ်၊

မှာ မုတ္တမကွေ့တွင် မိုး ကြိုးမုန်တိုင်းပေါင်းစပ်မှု(Thunderstorms Composite)ဖြစ်ပေါ်မည်ဖြစ်၍ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းမွန်၊ကရင်၊တနင်္သာရီမိုးလေဝသအထူးစောင့်ကြည့်ထုတ်ပြန်ရေး၏ထုတ်ပြန်ချက်အရသိရပါတယ်။ ထို့ကြောင့်ရန်ကုန်တိုင်းရှိ တောင်ပိုင်းခရိုင်နှင့်အရှေ့ပိုင်းခရိုင်၊

ကရင်ပြည်နယ်ရှိ ဘားအံ၊ကျုံဒိုး၊ကြာအင်းဆိပ်ကြီးနှင့်လှိုင်းဘွဲ့တို့တွင်လည်း လေပြင်းတိုက်ခြင်း၊မိုးကြီးခြင်းနှင့်မိုးကြိုးပစ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း မွန်၊ကရင်၊တနင်္သာရီမိုးလေဝသအထူးစောင့်ကြည့်ထုတ်ပြန်ရေးမှ ထုတ်ပြန်အသိပေးခဲ့သည်။မိုးနှင့်အတူ မိုးတိမ်စုဖွဲ့မှုမှဖြစ်ပေါ်လာသော 

ဖိအားမြင့်လေစီးများမြေပြင်သို့စိုက်ဆင်းခြင်းကြောင့် အလွန်ပြင်းထန်သော လေပြင်းတိုက်ခတ်များနှင့် မိုးကြီးခြင်း၊မိုးကြိုးပစ်ခြင်း အန္တရာယ်များ ကျရောက်နိုင်ခြင်းဖြစ်၍ ဂရုပြုနေထိုင်ကြရန် မွန်၊ကရင်၊တနင်္သာရီ မိုးလေဝသအထူးစောင့်ကြည့် ထုတ်ပြန်ရေးမှထုတ်ပြန်အသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *