သမိုင်းဝင် အဆောက်အဦးများ မူလပုံစံမပျက် ပြုပြင်ထိန်းသိမ်းခြင်းဖြင့် မိမိတို့နိုင်ငံ၏ သမိုင်းအစဉ်အလာ ကြီးမားမှုကို ဖော်ပြနိုင်မည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌပြောကြား

သမိုင်းဝင် အဆောက်အဦးများ မူလပုံစံမပျက် ပြုပြင်ထိန်းသိမ်းခြင်းဖြင့် မိမိတို့နိုင်ငံ၏ သမိုင်းအစဉ်အလာ ကြီးမားမှုကို ဖော်ပြနိုင်မည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌပြောကြား

သမိုင်းဝင် အဆောက်အဦးများအပါအဝင် ဘာသာရေးအဆောက်အဦးများအား မူလပုံစံမပျက် ပြုပြင်ထိန်သိမ်းခြင်းဖြင့် မိမိတို့နိုင်ငံ၏ သမိုင်းအစဉ်အလာကြီးမားမှုကို ဖော်ပြနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့အပြင် နိုင်ငံတကာတွင်လည်း ၎င်းတို့နိုင်ငံ၏သမိုင်းဝင်အဆောက်အဦးများ အမွေအနှစ်မျာကို ပြန်လည်ဖော်ထုတ်တည်ဆောက်ခြင်း၊ မွမ်းမံခြင်းများ ပြုလုပ်၍ အနာဂတ် မျိုးဆက်သစ်များ လေ့လာနိုင်ရန် သမိုင်းသိရှိစေရန်ပြတိုက်များ၊ လေ့လာရန်အထိမ်းအမှတ်နေရာများအဖြစ် ပြုလုပ်ထားရှိသည်ကို တွေ့ရကြောင်း ဆိုသည်။

မိမိအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ပေးရန်စဉ်းစားရာတွင် ဦးစွာယဉ်ကျေးမှု အစဉ်အလာများကို ဖော်ထုတ်လျက် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်မည်ဟု လေ့လာတွေ့ရှိသဖြင့် ယခုကဲ့သို့ သမိုင်းအစဉ်အလာကြီးမားခဲ့သည့် သိန်းနီစော်ဘွားကြီး၏ ဟော်နန်းကို ပြန်လည်တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယမန်နေ့ ဧပြီ ၉ ၌ ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ သိန်းနီမြို့ရှိ သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းတော်(ဟော်ခမ်းသျှမ်းဝီ)ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှု့ရာ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

သိန်းနီဟော်နန်းကို အေဒီ ၁၉၁၀ ခုနှစ် ၊ သက္ကရာဇ် ၁၂၇၂ ခုနှစ်တွင် ဒသဓမ္မရာဇာ နိဂြောဓာမဟာမင်းခေါင်ဘွဲ့​တော်ရ သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်းက ကြီးကျယ်ခမ်းနား ထည်ဝါသည် ဟော်နန်းအသစ်ကြီးကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ဟော်နန်းကို ကျွန်းသားများဖြင့် မန္တလေး နန်းတော်ပုံစံအတိုင်းဆောက်လုပ်ထားပြီးအဆောက်အဦးတစ်ခုထဲတွင် တစ်ခုနှင့် တစ်ခု ဆက်သွယ်ထားသော အဆောက်အဦးများစွာ ပါဝင်သည့် ပုံစံဖြစ်ကြောင်း၊ အလယ်တည့်တည့်တွင် ညီလာခံ ခမ်းမကြီးတစ်ခုနှင့် မြေပေါက်ပလ္လင်တော်တစ်ခုလည်း ပါရှိကြောင်း သိရသည်။

သိန်းနီစော်ဘွာကြီးသည် နှလုံးလေဟပ်ရောဂါဖြင့် နန်းတက်ကာလ ၃၃ နှစ် အေဒီ ၁၉၁၆ခုနှစ် ၊ သက္ကရာဇ် ၁၂၇၇ ခုနှစ်၊ တန်းခူးလဆန်း ၂ ရက် အင်္ဂါနေ့ညသန်းခေါင်းကျော် နံနက် ၁ နာရီတွင် နတ်ရွာစံ ကံကုန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟော်နန်းကို အေဒီ ၁၉၃၇ ခုနှစ်၊ သက္ကရာဇ် ၁၂၉၉ခုနှစ်တွင် ဂျပန်လေတပ် များက ရှမ်းပြည်နယ် (မြောက်ပိုင်း)တစ်ခွင်လုံးအား ဗုံးကျဲ တိုက်ခိုက်မှု များပြုလုပ်ခဲ့ပြီး၊ ၁၉၄၀ ခုနှစ်တွင် သိန်းနီကို ဂျပန်တို့ က အပြီးသိမ်းပိုက်ခဲ့ကြောင်း ၊ အေဒီ ၁၉၄၄ခုနှစ်တွင် အမေရိကန်စစ်လေယာဉ်များသည်သိန်းနီ-နမ္မတူ ချောင်းကူးတံတားကို ဗုံးကျဲဖျက်ဆီးခဲ့ပြီး သိန်းနီမြို့ကို လည် ဗုံးများကျဲချတိုက်ခိုက်ခဲ့သဖြင့် ဟော်နန်းကြီးမှာ မြေခပျက်ဆီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

သိန်းနီဟော်နန်းကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ၅ရက်နေ့တွင် ဟော်နန်းပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး၊ ဟော်နန်းအဆောက်အဦးအသစ်ကို မူလအဆောက်အဦးဟောင်း မြေနေရာ၏လက်ဝဲဘက် ၆၃ ပေအကွာ၌ဆောက်လုပ်လျှက်ရှိပြီး လက်ရှိအချိန်တွင် ပြီးစီးမှု အခြေအနေမှာ (၇၀)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

နစက ဥက္ကဋ္ဌသည် လားရှိုးမြို့ရှိ သီရိမင်္ဂလာမန်ဆူ ရှမ်းကျောင်းတိုက်၏ သီရီမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဒမ ဇောတိကဓဇ အဂ္ဂမဟာကမ္မဌာနာစရိယ ဒေါက်တာ ဘဒ္ဒန္တ ပုညနန္ဒ အားသွားရောက်ဖူးမြှော်၍ ဆရာတော်ကြီး၏ ကျန်းမာရေးဆိုင်ရာများနှင့်ဘာသာရေးဆိုင်ရာတို့အား မေးမြန်းလျှောက်ထားပြီး သီရိရတနာဆွမ်းစားကျောင်းဆောင်တော်အတွင်း မန်ဆူရှမ်းကျောင်းတိုက်ရှိ စာသင်သားသံဃာတော် အပါး ၁၀၀ နှင့်မန်ဆူရှမ်းကျောင်းတိုက်ဆရာ တော်ကြီးအမှူးပြုသည့် သံဃာတော်များအား ဆွမ်းလောင်းလှူကာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းတို့ကိုလည်း ပြုလုပ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *