လူတစ်ဦးချင်းရဲ့ ဝင်ငွေကနေ သတ်မှတ်ထားတဲ့ အခွန်အခတွေ ပေးဆောင်တဲ့အနေနဲ့ နိုင်ငံဝန်ထမ်းတိုင်း ဝင်ငွေကနေ သတ်မှတ်ထားတဲ့ အခွန်တွေ ပေးဆောင်ကြဖို့ ဒုဗိုလ် စိုးဝင်းပြောကြား

လူတစ်ဦးချင်းရဲ့ ဝင်ငွေကနေ သတ်မှတ်ထားတဲ့ အခွန်အခတွေ ပေးဆောင်တဲ့အနေနဲ့ နိုင်ငံဝန်ထမ်းတိုင်း ဝင်ငွေကနေ သတ်မှတ်ထားတဲ့ အခွန်တွေ ပေးဆောင်ကြဖို့ ဒုဗိုလ် စိုးဝင်းပြောကြား

လူတစ်ဦးချင်းရဲ့ ဝင်ငွေကနေ သတ်မှတ်ထားတဲ့ အခွန်အခတွေ ပေးဆောင်တဲ့အနေနဲ့ နိုင်ငံ့ဝန်ကို ထမ်းရာရောက်ပြီး နိုင်ငံတော်လည်း ဝန်ငွေရရှိကာ လည်ပတ်ငွေ များပြားလာမယ်လို့ စိုးဝင်းက ပြောပါသည်။ ဧပြီ ၈ ရက်နေ့က

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်တွေ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့ဝင်တွေနဲ့ စိုးဝင်း သွားရောက်တွေ့ဆုံတုန်းက အခုလို ပြောကြားတာဖြစ်ပါသည်။ နိုင်ငံတော်အတွက် လုပ်ငန်းအရ ၀င်ငွေရှာဖွေပေးတဲ့ ဌာနတွေအနေနဲ့

မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့လိုပြီး အခွန်အခတွေကစပြီး ဝင်ငွေရရှိတဲ့ လုပ်ငန်းတွေကို အပြည့်အဝ ရရှိရေး တိကျမှန်ကန်အောင် ဆောင်ရွက်သွားဖို့လိုတယ်လို့ စိုးဝင်းက ပြောပါသည်။ ဒါ့အပြင် မလိုအပ်ဘဲ အသုံးစရိတ်ပြုန်းတီးမှုတွေမရှိအောင် စိစစ်သုံးစွဲကြဖို့နဲ့

အဲ့လိုသုံးစွဲမှသာ ဒေသနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ ဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးနိုင်မှာ ဖြစ်တယ်လို့ ဒု စိုးဝင်းက ပြောပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *