ကျွန်တော်ဘယ်အနုပညာရှင်အကြောင်းမှနာမယ်တတ်မရေးဘူးမပြောဘူးပါလို့ မင်းမော်ကွန်း ရှင်း ပြီ

ကျွန်တော်ဘယ်အနုပညာရှင်အကြောင်းမှနာမယ်တတ်မရေးဘူးမပြောဘူးပါ။ဒီတစ်ခါတော့ရေးပါရစေ။ဒါဟာလည်းအချင်းချင်းနားလည်မှုလွဲတာမျိုးတွေ စိတ်ဝမ်းကွဲတာတွေဖြစ်မှာစိုးရိမ်လို့ပါ။

ကျွန်တော်တင်တဲ့ပိုစ်က ပိုင်တံခွန်ကိုမရည်ရွယ်ပါဘူးသူမှမဟုတ်ပါဘူး ထောင်ထဲကပြန်လွတ်လာကြသူများကိုလည်းမရည်ရွယ်ပါဘူး။

သူတို့တွေဟာလွတ်မြောက်နယ်မြေရောက်နေတဲ့ကျွန်တော်တို့ထက်ပိုအနစ်နာခံဒုက္ခခံခဲ့ကြတဲ့သူတွေပါ။

ဒီလိုလူကောင်းတွေပြန်လွတ်မြောက်လာတာကျွန်တော်တို့တော်လှန်ရေးသမားတွေ ပြည်သူတွေအတွက် အင်အားရပါတယ်။

ပိုင်တံခွန်ကလည်းကျွန်တော်တင်တဲ့ပိုစ်ကြောင့်သူ့အလုပ်တွေကိုရပ်လိုက်မယ်မထင်ပါဘူး။

ဒါသူ့ရဲ့ကိုယ်ချင်းစာတရားနဲ့ အသိဉာဏ်ပါ။

ကျွန်တော်ချစ်ခင်လေးစားပါတယ်။

သူမှမဟုတ်ပါဘူးတော်လှန်ရေးအတွက်အနစ်နာခံကြိုးစားနေကြတဲ့အမည်မသိရဲဘော်ရဲဘက်တွေအားလုံး

ချစ်တယ်

Leave a Reply

Your email address will not be published. Required fields are marked *