ဆန်တစ်အိပ်နှင့်ဆီတစ်ပုံးဖြင့်ဂါရဝပြုရာမှ ရုံးတွေပါပြိုကျ😄👇

ဆန်တစ်အိပ်နှင့်ဆီတစ်ပုံးဖြင့်ဂါရဝပြုရာမှ ရုံးတွေပါပြိုကျ

သထုံစုပေါင်းရုံးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇင်မောင်မောင်အတွက် ဆန်တစ်အိတ်နှင့်ဆီတစ်ပုံး ဂါဝရပြုဟုဆိုကာ လာထားသွားပြီး ယင်းလက်ဆောင်များအတွင်းမှ ဗုံးပေါက်ကွဲ၊ ဒုရဲအုပ်နှင့်ရဲတပ်ကြပ်ကြီး ၂ ဦးထိခိုက်ပြီး ရုံးပြိုကျ

ရန်ကုန်၊ ဧပြီ ၁၀

မွန်ပြည်နယ်၊ သထုံမြို့နယ်ထွေအုပ် စုပေါင်းရုံးတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့ နယ်အုပ်ချုပ်‌ရေးမှူး ဦးဇင်မောင်မောင်အတွက် ဆန်အိတ်တစ်အိတ်နှင့် ဆီတစ်ပုံလာထားသွားပြီး ယင်းလက်ဆောင်များအတွင်းမှ ဗုံးပေါက်ကွဲကာ ရဲ ၂ ဦး အပြင်းအထန်ထိခိုက်ပြီး ရုံးပြိုကျသွားကြောင်း သိရှိရသည်။

သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ သထုံမြို့နယ်စုပေါင်းရုံးတွင် ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်အချိန် ဗုံးပေါက်ကွဲပြီး ရဲ ၂ ဦးထိခိုက်သွားကာ ရုံးပါပြိုကျသွားခြင်းဖြစ်သည်ဟု သိရှိရသည်။

“သထုံခရိုင် ထွေအုပ်ရုံး ဗုံးကွဲတာက ရဲ ၂ ဦးထိခိုက်သွားတယ်။ ဖြစ်ပုံက လူ ၁ ဦးက ရုံးဝင်းအတွင်းကို ဆန်အိတ် ၁ နှင့် ဆီ ၁ ပုံး လက်ဆွဲလာပြီး မြို့နယ်အုပ် ချုပ်ရေးမှူး ကို လာရောက်ဂါရဝပြုတာ၊ သူက ဒီမှာထားခဲ့ပါလို့ ပြောလို့

လာထားခြင်းဖြစ်တယ်ပြောပြီး ပြန်ထွက်သွားတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကို လာရောက်ဂါရဝပြုလက်ဆောင်ဆိုတော့ ဘယ်သူကမှ မတားရဲကြဘူး။ အဲဒီလက်ဆောင်ထဲကနေ ဗုံးကွဲတာ။ ရဲ ၂ ဦးထိတာ ဒဏ်ရာပြင်းတယ်။ ရုံးကတော့ ပြိုကျသွားပြီ” ဟု သထုံမြိုု့နယ်ရဲသတင်းရင်းမြစ်က ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသည့် ရဲ ၂ ဦးမှာ ဒုရဲအုပ် နန်းဆွေ အသက် ၄၀ နှစ် ရဲတပ်ကြပ်ကြီး ကိုကိုဦး အသက် ၃၈ နှစ်တို့ စိုးရိမ်ရဒဏ်ရာများ ရရှိထားကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *