ဂီယာချိန်း ကစားနေသော ကြင်စိုး

ဂီယာချိန်း ကစားနေသော ကြင်စိုး

တျုတ်စီက ငွေကူရလာတဲ့အပြင် အကြံစနက်နဲ့ ကြင်စိုးဟာ ပြည်သူစိတ်ကို ပြန်ဆွဲခေါ်ဖို့ ဂီယာချိန်းပြီး soft နဲ့ ခြေလှမ်းပြင်လာတာကို တွေ့ရတယ် တနည်း သူတို့လုပ်လာနေသော နည်းသည် ပြည်သူကို ချော့ စိတ်ပြန်လည်လာစေသောနည်းနဲ့ စိတ်ပိုင်းဆိုင်ရာကို တည်ငြိမ်စေပြီး

သူတို့အားထောက်ခံ ယုံကြည်လာရန် တိုင်းပြည်နဂိုအတိုင်းဖြစ်လာနေဟန် ဖြစ်လာနေပြီဟူသော တန်ပိုအတတ်အကျကို ဆွဲခေါ်ပြီး စိတ်ဓာတ်ရေးရာကို ပုံသွင်း အာရုံပြောင်း လှည့်စားဖို့ အနုနည်းနဲ့ အယုံကြည်သွင်းပြီး ပြည်သူတွေရဲ့စိတ်ပိုင်းဆိုင်ရာကို ပြောင်းလဲလာစေရန် target ထား လုပ်ဆောင်လာနေခြင်းပဲ ဖြစ်လေသည်

သို့အတွက် မူလကတည်းက အစီစဉ်ရှိပြီးသော ပလန်နဲ့ မိီးတွေဖြတ်ချထားပြီး ခု (အချို့နေရာ) များ၌ ပုံမှန်ပြန်ပေးခြင်းဖြင့် ပြည်သူတွေရဲ့စိတ်မှာ တိုင်းပြည်ပြန်ကောင်းလာပြီဟူသော အတွေးအမြင်ကို ရိုက်ထဲ့ပေးပြီး ခံစားသိရှိစေရန် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်လာနေသည်ကို မြင်တွေ့ရသလို ဒါတွေဟာ ပလန်အတိုင်း အချိန်နဲ့အကောင်ထည်ဖော်လုပ်ဆောင်နေသည်ဆိုတာ တွေ့ရတဲ့အတွက်

ဒီတော့ ဒါ့အပြင် ထိုအချက်တွေမပြောခင် လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ကရင်ဒေသတွေမှာ တကယ်စစ်မှန်တဲ့ တိုက်နေတဲ့ အဖွဲ့စည်းနဲ့သူတွေရှိသလို လုပ်စား ခွစား ပေါင်းစားနေတဲ့ အဖွဲ့စည်းနဲ့သူတွေရှိတယ်ဆိုတာ ဖမ်းခံထိသွားသော သူ၏ (အဖမ်းမခံခင်က PDF ညီလေး အင်တာဗျုး) မှာ ပြောထားသလို

အချို့တော်လှန်ရေးလုပ်နေတဲ့ PDF ညီငယ်များလည်း တဖက်ကမ်းကူးပြီး ပြည်ပကို ထွက်ခွာ စွန့်ခွာသွားကြတယ်ဆိုတာ တွေ့ရတော့ လူနည်းစု‌ဖြစ်ပေမယ့် အတော်စိတ်မကောင်းဖြစ်မိပေမယ့် သူတို့ ပါစင်နယ်နဲ့ အနာဂါတ် ဘ၀တွေအတွက်မို့ ရွေးချယ်ခွင့်ရှိတဲ့အတွက် ထွေထူးမပြောလိုပေ အကြောင်းသည် PDF ချည်း သိန်းချီရှိနေပြီး လက်ရှိ နေရာစုံနဲ့ မြေပြင်မှာလည်း တိုက်ပွဲ၀င်နေကြ၍ ဖြစ်လေသည်

သို့ဆို ကြင်စိုးတို့ target သည် ပြည်သူ စိတ်ပြန်လာစေဖို့ အနုနည်းဖြင့် သုံးလာနေပြီး စစ်ဖြစ် မထိန်းချုပ်နိုင်သော နယ်မြေများမှအပ ကျန်နေရာများအား အုပ်စီးမှု ရယူနိုင်ရန် လုပ်ဆောင်ခြေလှမ်းလာနေသည်ကိုတွေ့ရသောကြောင့် ထိုအတွက် အရေးပါသော ပြည်သူစိတ်၀င်စားသော

– အနုပညာရှင်တွေကို လွှတ်စေသည်

– ပွဲတတ် အနုပညာလုပ် ပုံမှန်ပြန်ဖြစ်ဟန် လုပ်စေသည်

– ရုပ်ရှင်ရုံတွေဖွင့် လူစည်ကားစေရန် ရည်ရွယ်သည်

– သက်ြန်ဖြင့် အပျော်ကျစေရန် တော် လှန်ရေး သွေဖယ်ရန် ဦးတည်ထားသည်

ထိုထက် ၅၀၅နဲ့ တော်လှန်ရေးလုပ်ဆောင်နေသော အနုပညာရှင်တချို့ Live လွှင့်ဈေးရောင်းခွင့်တွေ ပြန်လည် လုပ်ဆောင်လာနေခြင်းတွေဟာ နောက်ကွယ် အ‌ပေးယူများနဲ့ စိတ်ဓာတ်ရေးရာများကို ၀ယ်ယူအားဖြည့်ပြီး ပြည်သူနဲ့ အနုပညာရှင်တွေကို တိုင်းပြည်ပုံမှန် ပြန်ဖြစ်လာနေဟန်နဲ့ တော်လှန်ရေးသွေဖယ် သူတိူ့အား လက်ခံရန် ပြန်လည် လုပ်‌ဆောင်လာနေသော ရည်ရွယ်ချက်ရှိရှိ ဂီယာချိန်းချက်များ ဖြစ်၍

ပြည်သူများမှ ထိုအရာတွေ တွေ့ရှိပြီး ‌တိုင်းပြည်ပုံမှန်ပြန်ဖြစ်နေကြပြီလားဟူသောစိတ်များနဲ့ ထိုအရာတွေကို လုပ်ဆောင်နေသော အနုပညာရှင်များကိုယ်၌ကလည်း NUG ကို မယုံကြည်ပဲ ခုတော်လှန်ရေး မ‌အောင်မြင်နိုင်ဘူးဟု သံသယ၀င်တွေးဆနေ၍ ယခုလိုတွေ လုပ်ဆောင်လာနေကြသလားဆိုတာ

သို့ကြောင့် မင်းမော်ကွန်းပြောတာ မလွန်ပဲ အဲလိုလုပ်နေခြင်းဟာ ပြည်သူဝေဝါးကုန်ပြီး တိုင်းပြည်ပုံမှန်ပြန်ဖြစ်နေဟန်နဲ့ စကစအားထောက်ခံသဖွယ်ဖြစ်နေသောကြောင့် အနုပညာရှင်များကိုယ်၌ ပြည်သူကို အဆိပ်ပင်ရေမလောင်းမိစေရန်နဲ့ တော်လှန်ရေး မပြီးဆုံးသေးကြောင်းပြသဖို့ ဆင်ချင်နေထိုင်ကြဖို့လိုကြောင်းနဲ့ စကစအကွက်ထဲ ၀င်မသွားကြစေဖို့ သတိပေးတားမြစ်ကြသည်ဆိုတာ သိစေချင်သည်

ထို့အပြင် မနှစ်ကထက် ယခုနှစ်သက်ြန်မှာ စကစဟာ ရည်ရွယ်ချက်ရှိရှိကို သက်ြန်မဏ္ဍပ်တွေဆောက်နေခြင်းဖြင့် တိုင်းပြည်ပုံမှန်ပြန်ဖြစ်ဟန် တော်လှန်ရေးအား ပျက်ပြားစေဖို့ ရည်ရွယ်ပြီး အကောင်ဖော် လုပ်ဆောင်လာနေသည်ကိုတွေ့ရပြီး တဖက်မှာလည်း သက်ြန်အကြောင်းပြ ကာဗာလုပ်ထားပြီး စစ်ရေးကို ဦးတည်နေသည်ဆိုတာ သိစေချင်၍

ထို့ထက် ဒီအရာတွေကို သိမြင်ရဲ့မိမိတို့၏ဘေးအန္တရာယ်ကို ထည့်မတွက်ကြပဲ သက်ြန်ကို ဟိူဒီခရီးတွေ သွားလာနေပြီး လမ်းမထက်မှာ ကားများတန်းစီပိတ်နေအောင်ကို အပြန်ခရီးတွေ နှင်နေကြသည်ဆိုတာ ယခုတော်လှန်ရေးအတွက် ကောင်းသော လက္ခဏာများ မဟုတ်၍ ယခု ဒီလူမျိုးအကြောင်း နောကြေနေသော စစ်တပ်မှ အပျော်ပါးနဲ့ ခုလိုမြူဆွယ်ပြီး သူတို့ပုံစံခွက်ထဲသို့ သွတ်သွင်းနေခြင်းဟာ အထူးဆန်းမဟုတ်တော့သလို

အကယ်၍ တော်လှန်ရေး အောင်မြင်ဖို့ နောက်ကျ ချွတ်ချော်ခဲ့ပါလျှင်လည်း ဒီလိုပြည်သူတွေကြောင့်မှလွဲ၍ အခြားမရှိဆိုတာ သိစေချင်သည်ဟု ဆိုချင်လေသည် ထို့အတွက် ပြည်သူနဲ့ အနုပညာရှင်များမှလည်း NUG နဲ့ တော်လှန်ရေးအပေါ် ယုံကြည်မှုပျက် စိတ်ပြန်မလည် လျော့ကျမသွားစေရန်အတွက်

ဖြစ်နိုင်ရင် နိုင်ငံရေးထက် စစ်ရေးကို ပိုမိုဦးစားပေးဦးတည်ပြီး တန်ပိုမြင့်ပြခြင်းဖြင့် နိုင်ငံရေးအရပါ အလဲထိုးဖို့ အမြန်ပြင်ဆင်ကြသင့်ကြောင်း တိုက်တွန်းလိုသည်မှအပ ကျန်တာ ဖြစ်လေသမျှ အရာရာဟာ ပြည်သူ့အပေါ်မှာသာ အလုံးစုံ မူတည် တာ၀န်ရှိနေကြောင်း သတိပေးပြောလိုသည်

🔘 ယခုတော်လှန်ရေးသည် ပြည်သူ့တော်လှန်ရေးသာ ဖြစ်သည်

🔘 ပြည်သူအားလုံးပါ၀င်မှ အောင်မြင်နိုင်မည်

🔘 ပြည်သူသာ အဓိကဖြစ်သည်ဟု နှလူံးသွင်းထားကြဖို့လိုကြောင်းဟာ တော်လှန်ရေး အဆုံးဖြတ်ဆိုတာ သိပါဟု။

#မင်းကြည်ညိုနေ 🕊️

Leave a Reply

Your email address will not be published. Required fields are marked *