လေးကေ့ကော်တိုက်ပွဲ၌ လေယာဉ်ဖြင့် မှားယွင်းဗုံးကြဲမိပြီး စစ်ကောင်စီတပ်သား ၄၀ ကျော်ဂန့်

လေးကေ့ကော်တိုက်ပွဲ၌ လေယာဉ်ဖြင့် မှားယွင်းဗုံးကြဲမိပြီး စစ်ကောင်စီတပ်သား ၄၀ ကျော်ဂန့်

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်မြို့သစ်မှာ ဧပြီ ၁၀ ရက် နေ့လယ်ကစတင်တဲ့ လေကြောင်တိုက်ခိုက်မှုအတွင်းမှားယွင်း ဗုံးကြဲမိလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၄၀ ကျော်သေဆုံးခဲ့တယ်လို့ ကေအန်ယူဘက်က ပြောပါတယ်။ ဧပြီ ၉ ရက်က စစ်ကောင်စီ လေတပ်က MiG -29 တိုက်လေယာဉ် ၂ စီးနဲ့ တိုက်ပွဲ ဖြစ်ပွားနေတဲ့ နေရာကို အကြိမ်ကြိမ် မှားယွင်းပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက်

တပ်မ ၄၄ လက်အောက်ခံ အမှတ် ၂၀၇ တပ်ရင်း တပ်ဖွဲ့ဝင် ၄၀ ကျော်သေဆုံးပြီး ဒဏ်ရာရှိသူအများအပြားရှိခဲ့တာပါ။ ကရင်အမျိုးသားအစည်းအရုံး၊ ဗဟိုကော်မတီဝင် ပဒိုသမိန်ထွန်းက “စစ်ကောင်စီက လေကြောင်းပစ်ခတ်တာ သူတို့လူနဲ့သူတို့ ပြန်ထိတယ်။ သူတို့လူနဲ့ သူတို့ပြန်ထိတော့ သေတာတော့ သေတယ်။ သူလူသေတာ ၄၀ ကျော်တယ်။ အမှန်ပဲ”လို့ ပြောပါတယ်။ ဗုံးကြဲမှုကြောင့် ခမရ ၂၀၇ တပ်ရင်းက

တပ်ဖွဲ့ဝင်အများအပြားသေဆုံးခဲ့တဲ့အပေါ် တပ်ရင်းမှူးဖြစ်သူဟာ သူကိုယ့်သူ ပစ်သတ်လိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတွေရဲ့နေအိမ်နဲ့ စာသင်ကျောင်းတချို့လည်း ထိခိုက်ပျက်စီးသွားပါတယ်။ အရပ်သားတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာနဲ့ ပတ်သတ်ပြီး KNLA နဲ့ ပူးပေါင်းတပ်တွေပါဝင်တဲ့

ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒဘောက “ပစ်ထား။ မင်းတို့ လေးကေ့ကော်မြို့ကို ဖျက်ဆီးထား။ မင်းတို့ နေပြည်တော်ကို ပြန်ဖျက်ဆီးတဲ့အချိန်ကြရင် မျက်ရည်မကျနဲ့နော် မင်းအောင်လှိုင် မင်း ငါ့ရဲ့ လေးကေ့ကော်မြို့ကို ဖျက်ဆီးထားတယ်နော်၊ ဂျက်ဖိုက်တာနဲ့၊ ပြည်သူလူထုအိမ်တွေကို ဖျက်ဆီးထားတယ်၊ မင်းနေပြည်တော်ကို တာပေါပစ်တဲ့နေ့ကျရင် မင်းမျက်ရည်မကျနဲ့ မင်းကိုငါစိန်ခေါ်တယ်”လို့ ဗွီဒီယိုရုပ်သံမှာ

ပြောထားပါတယ်။ စစ်ကောင်စီရဲ့ တပ်မ ၄၄ လက်အောက်ခံ တပ်ရင်းတွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၄ ယောက်သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီ ဗိုလ်ကြီး တင်လင်းခိုင်နဲ့အတူ MA3 ၅ လက်၊ MA2 ၁ လက်၊MA sniper ၁ လက်၊RPG.7 ၁ လက်၊ MA ကျည်ဘောက် ၉ ခုတို့ကိုလည်း

သိမ်းဆည်းရမိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။ KNLA ပူးပေါင်းတပ်တွေဘက်ကတော့ အသက် ၁၈ နှစ်အရွယ် တော်လှန်ရေးတပ်သားတဦးအပါအဝင် ရဲဘော် ၂ ဦး ကျဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ကေအန်ယူတပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီတပ်တွေက နယ်မြေကျူးကျော် စစ်ရေးလှုပ်ရှားမှုတွေကြောင့် KNLA ပူးပေါင်းတပ်တွေနဲ့ နေ့စဉ်တိုက်ပွဲ ပြင်းထန်နေတာပါ။ စစ်ကောင်စီတပ်က

မြေပြင်နဲ့ ဝေဟင်က တိုက်ခိုက်မှုတွေကြောင့် လေးကေ့ကော်ဒေသတွင်း ကျေးရွာ၁၀ ရွာက ဒေသခံ ပြည်သူ ၅၀၀၀ ကျော်လောက် နေအိမ်စွန့်ခွာပြီး မြန်မာ-ထိုင်းနယ်စပ် သောင်းရင်မြစ်တလျှောက်မှာ ဒီကနေ့အထိ စစ်ဘေးရှောင် ခိုလှုံနေရပါတယ်။

DVB

Leave a Reply

Your email address will not be published. Required fields are marked *