အကြိမ်ကြိမ်အခါခါ အမုန်းခံပြီး တပ်မတော်က တိုင်းပြည်ကို ကာကွယ်နေရSee More…
အကြိမ်ကြိမ်အခါခါ အမုန်းခံပြီး တပ်မတော်က တိုင်းပြည်ကို ကာကွယ်နေရတာဖြစ်တယ်လို့
စစ်ကောင်စီခေါင်းဆောင်က ဧပြီလ ၉ ရက်မှာ ရှမ်းမြောက် လားရှိုး တပ်နယ်ရှိ အရာရှိ စစ်သည်မိသားစုဝင်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောလာပြန်ပါတယ်။
၎င်းက “အကြိမ်ကြိမ်အခါခါ အမုန်းခံပြီး တိုင်းပြည်ကို ကာကွယ်ခဲ့ရကြောင်း၊ တိုင်းပြည်တည်ငြိမ်ရေးကို ဆောင်ရွက်တဲ့နေရာမှာ ဥပဒေနဲ့အညီသာ ထိန်းထိန်းသိမ်းသိမ်း
ဆောင်ရွက်နေရကြောင်း၊ ယခင်က ဖြစ်ပေါ်ခဲ့တဲ့ အာဃာတများ မဖြစ်ပေါ်စေရေးကို သင်ခန်းစာယူ ဆောင်ရွက်နေပြီး နာကြည်းချက်များကို သားစဉ်မြေးဆက် မပါစေရေး သည်းခံစိတ် မွေးနေကြောင်း” လို့ ပြောဆိုခဲ့တာပါ။
ပဋိပက္ခ ဖြေရှင်းရာမှာလည်း သွေးထွက်သံယိုမှု အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်နေပြီး တာဝန်ယူထားရတဲ့အဖွဲ့တွေကို ထိန်းသိမ်းရမယ်လို့ ပြောဆိုခဲ့ပါတယ်။