
ရန်ကုန်တိုင်း သန်လျင်မြို့တွင် ဧပြီ ၁၉ ရက်မှစတင်၍ ဆိုင်ကယ်တစ်စီးလျင် လူတစ်ဦးသာ စီးနင်းရန် အကြမ်းဖက်စစ်ကောင်စီက ကန့်သတ်လိုက်ကြောင်း ယင်းမြို့ခံတစ်ဦးက ပြောသည်။
“သန်လျင်မြို့တွင် မနက်ဖြန်ကစပြီး အကြမ်းဖက်စစ်ကောင်စီက မော်တော်ဆိုင်ကယ် မောင်းနှင်သူများကို တစ်ယောက်ပဲစီးရမယ်လို့ ကန့်သတ်ထုတ်ပြန်လိုက်ကြောင်းသိရပါသည်။ဆိုင်ကယ်တစ်စီးကို တစ်ယောက်ပဲစီးရပြီး ကျား၊မ စီးလို့မရသလို့ မိန်းခလေးလည်း နှစ်ယောက်လည်း စီးလို့မရဘူးလို့ သိရပါသည်။”ဟု သန်လျင်မြို့ခံတစ်ဦးက ပြောသည်။
သန်လျင်၌ ယခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီ သတင်းပေးကာ ပြည်သူများအား ဖိနှိပ်နေသော ဒလန်ရှင်းလင်းမှုများ မြို့ပြပြောက်ကျားအဖွဲ့များက ဆက်တိုက်ပြုလုပ်နေ၍ ဧပြီ ၁၈ရက်က ဒလန်နှစ်ဦး ရှင်းလင်းခံရပြီးနောက် ယင်းကန့်သတ်ချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။
ယင်းသတ်မှတ်ချက်ကြောင့် ခရီးသည်ပို့ဆောင်ရသည့် ဆိုင်ကယ်ကယ်ရီသမားများအတွက် ထိခိုက်မှုအများဆုံးဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီသည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကလည်း အမျိုးသားနှစ်ဦး ဆိုင်ကယ်စီးနင်းခွင့်မရှိဆိုသည့် ကန့်သတ်ချက် ထုတ်ပြန်ခဲ့ဖူးသည်။