ချစ်သူ ဒေါက်တာချောချောလေး က နှစ် ယောက် တွဲ ပုံလေး တင် လိုက် တာ ကြောင့် အံ့ဩနေတဲ့မင်း သမီးလေး မေမီကိုကို

မေမီကိုကိုကတော့ အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့အတူ ကျရာဇာတ်ကောင်တွေမှာ အကောင်းဆုံး၊အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့်ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုအခိုင်အမာ၊အပြည့်အဝရရှိထား သူပဲဖြစ်ပါတယ်။

ပျားရည်အိုင် ဇာတ်ကားကနေ ပရိသတ်ရင်ထဲကို ရောက်ရှိလာတဲ့ မေမီကိုကိုကတော့ မကြေးစည်ဇာတ်

လမ်းတွဲမှာလည်း ပရိသတ်တွေရဲ့အားပေးမှုကို ထပ်မံရရှိခဲ့တာပဲဖြစ်ပါတယ်။

မေမီကိုကိုကတော့သူမရဲ့အချစ်ရေးနဲ့ ပတ်သတ်ပြီးပရိသတ်တွေကိုပွင့်ပွင့်လင်းလင်းချပြထားတာဘဲဖြစ်ပါတယ်။

သူမရဲ့ချစ်သူကတော့ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ ကျော်ဇော်ဟိန်းဖြစ်ပြီး အခုဆိုရင် လက်တွဲလာတာ ချစ်သူသက်တမ်း (၂)နှစ် ပြည့်ပြီပဲဖြစ်ပါတယ်။

မေမီကိုကိုရဲ့ ချစ်သူလေးက အရမ်းရှက်တတ်တဲ့သူဖြစ်ပေမယ့် သူတို ၂ ယောက်ရဲ့ Anniversary မှာတော့ စုံတွဲပုံလေးတွေတင်လာတာကြောင့် သရုပ်ဆောင်မေမီကိုကိုက ဝမ်းသာနေတာဘဲဖြစ်ပါတယ်။မေမီကိုကိုက ” တစ်ခုခုဆိုအရမ်းရှက်တတ်

သူလေး ပုံတွေတင်နေပြီပေါ့” ဆိုတဲ့စာလေးနဲ့အတူချစ်သူလေးတင်ထားတဲ့ပုံလေးကိုပြလာခဲ့တာပဲဖြစ်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *