ပြင်ဦးလွင်မြို့ပေါ်ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုဖြစ်

ပြင်ဦးလွင်မြို့ပေါ်ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုဖြစ်

မန္တလေးတိုင်း၊ ပြည်ဦးလွင်မြို့နယ်ထဲက မြို့ပေါ် ရပ်ကွက်တွေမှာ ဒီကနေ့ဇူလိုင် ၃၁ ရက် မနက်ပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့ပေါ် ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မိုးရွာသွန်းမှုများတာကြောင့် မြို့အနီးက ချောင်းတွေမှာလည်း ရေကြီးရေလျှံမှုဖြစ်ပြီး မြို့တွင်းအနိမ့်ပိုင်းရပ်ကွက်တွေမှာတော့ရေမြုပ်တဲ့အထိဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီကနေ့ဇူလိုင် ၃၁ ရက်မနက်ပိုင်းအထိမိုးအဆက်မပြတ်ရွာသွန်းနေဆဲဖြစ်ပြီး မြို့ပေါ်ရပ်ကွက်တွေမှာလည်း နေအိမ်နဲ့ဆိုင်ခန်းတွေအားလုံးရေလျှံမှုကြောင့် ပိတ်ထားရတယ်လို့မြို့ခံတွေကပြောပါတယ်။

မြို့ပေါ်မှာတော့ အခုလိုရေကြီးရေလျှံမှုဖြစ်တာဟာ နှစ်ပေါင်း ၂၀ အတွင်းပထမဆုံးဖြစ်တယ်လို့လည်း ဒေသခံတွေကဆိုကြပါတယ်။

ဘီဘီစီမြန်မာပိုင်း
ဓါတ်ပုံ-CJ/ပြင်ဦးလွင်သတင်း

Leave a Reply

Your email address will not be published. Required fields are marked *