တင်းနစ်လောကမှ အနားယူဖွယ်ရှိကြောင်း အန်ဒီမာရေး အရိပ်အမြွက် ပြောဆို

ဗြိတိန်နာမည်ကျော် တင်းနစ်ကစားသမား အန်ဒီမာရေး က သူ့ရဲ့ပုံစံတွေဟာ တိုးတက်မှုမရှိလာဘူးဆိုရင်တော့ တင်းနစ်လောက ကနေ အနားယူဖွယ်ရှိတယ်လို့ အရိပ်အမြွက်ပြောဆိုလိုက်ပါတယ်။ အသက်(၃၄)နှစ်အရွယ်ရှိ အန်ဒီမာရေးဟာ ဂျပန်တင်းနစ်ကစားသမား တာရိုဒန်နီရယ်လ်ကို အရေးနိမ့်ပြီး သြစတြေးလျအိုးပန်းပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ အန်ဒီမာရေးဟာ တာရိုဒန်နီရယ်လ်ကို (၆-၄)၊(၆-၄)၊(၆-၄) နဲ့ (၃)ပွဲဆက်အရေးနိမ့်ပြီး သြစတြေးလျ အိုးပန်းဒုတိယအဆင့်ကနေ ထွက်ခွာခဲ့ရတာပါ။ …

တရုတ်နဲ့ ထိုင်ဝမ် ဘာကြောင့် ဆက်ဆံရေး၊ စစ်ရေး တင်းမာလာသလဲ

တရုတ်နဲ့ ထိုင်ဝမ်အကြားက တင်းမာမှုတွေ မြင့်သည်ထက် မြင့်လာနေပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်းကဆို ထိုင်ဝမ်ရဲ့ လေကြောင်း ကာကွယ်ရေး ဇုန်ထဲကို တရုတ် စစ်လေယာဥ်တွေ စံချိန်တင်အောင် ဖြတ်ကျော် ပျံသန်းမှုတွေ လုပ်ခဲ့ကြပါတယ်။ ဒီပြဿနာတွေရဲ့ အကြောင်းခံကတော့ နှစ်နိုင်ငံ ပြန်လည် ပေါင်းစည်းရေး ဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ …

TOTAL နဲ့ Chevron စွမ်းအင်ကုမ္ပဏီကြီးတွေ မြန်မာနိုင်ငံမှာ လုပ်ငန်းရပ်မယ်လို့ကြေညာ

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေ ဆိုးဝါးလာနေတဲ့အတွက် မြန်မာနိုင်ငံထဲမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်ရုပ်သိမ်းမယ့်အကြောင်း ပြင်သစ် စွမ်းအင်ကုမ္ပဏီ TOTAL နဲ့ အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron တို့က ဒီကနေ့ အသီးသီး ထုတ်ပြန်ကြေညာပါတယ်။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ မြန်မာနိုင်ငံတွင်း က ထွက်ခွာနေကြတာမှာ …

တရုတ်မှာ ပိုက်ဆံအများကြီးရှာပြီး ချစ်သူနဲ့အပန်းဖြေနေတဲ့ ဖယ်လိုင်နီ

မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမားဟောင်း ဖယ်လိုင်နီဟာ တရုတ်စူပါလိဂ်မှာ လစာအများကြီး ရရှိနေတာ ဖြစ်ပြီး အားလပ်ရက်အဖြစ် ချစ်သူဖြစ်တဲ့ ရုရှားသူ ဗစ်တိုရီးယားအဲလက်စ်နဲ့အတူ ကမ်းခြေမှာ အပန်းဖြေ အနားယူနေတာ ဖြစ်ပါတယ်။ ဖယ်လိုင်နီဟာ ရေထဲမှာ  ချစ်သူဖြစ်သူနဲ့အတူ ပျော်ရွှင်နေတာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး အနမ်းခြွေနေခဲ့တာပါ။ ဖယ်လိုင်နီဟာ မန်ချက်စတာယူနိုက်တက် အသင်းကနေ တရုတ်စူပါလိဂ်ကလပ် …

ဒုရဲအုပ် ချယ်ရီထက် ရဲ့ အမှုကို စွဲချက်တင်ပြီးနောက် ဒီကနေ့မှာတော့အမှုစစ်ရဲအရာရှိကိုစစ်ဆေးဖို့ရှိ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ တာဝန်ထမ်းဆောင်ခဲ့သူ ဒုရဲအုပ် ချယ်ရီထက်အပေါ် စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅-က အမှုကို ဒီကနေ့ ဇန်နဝါရီ၂၀ရက်မှာတော့ ပြန်ခေါ်သက်သေဖြစ်တဲ့ ဇမ္ဗူသီရိမြို့နယ်ရဲစခန်းက အမှုစစ်အရာရှိ ဒုရဲအုပ်ကျော်နိုင်ဦးကို စစ်ဆေးဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့အပတ်က အဲဒီအမှုကို စွဲချက်တင်ကြောင်းနေပြည်တော်ထောင်တွင်းတရားရုံးက အမိန့်ချမှတ်ထားတာပါ။ တရားရုံးရဲ့ စွဲချက်တင်မှုအပေါ်မှာ စွပ်စွဲခံရသူမချယ်ရီထက်ကတော့ သူ့မှာအပြစ်မရှိကြောင်းထွက်ဆိုထားပါတယ်။ …

ရန်ကုန်က မုံရွာကို တင်ပို့မယ့် ဖုန်း လက်ပတော့ အထည်အလိပ် လူသုံးကုန် စား‌သောက်ကုန်တွေကို ကန့်သတ်

စစ်ကောင်စီက ရန်ကုန်မြို့ကနေ မုံရွာမြို့ကို တင်ပို့မယ့် တယ်လီဖုန်း လပ်ပတော့(laptop)အိမ်ဆောက်ပစ္စည်း အဝတ်အထည်နဲ့ အစားအသောက်တွေကို သယ်ဆောင်ခွင့်မပြုတော့ဘူးလို့ ရန်ကုန် မုံရွာ အဝေးပြေးယာဉ်လိုင်း တွေထံက သိရပါတယ်။ ဒီသတင်း မှန်ကန်မှုရှိတယ်လို့ မုံရွာ အခြေစိုက် အထည်ဆိုင် လုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။ မိုဘိုင်းဖုန်း နဲ့ လပ်တော့ …

မြောင်မှာ စစ်ကောင်စီက PDF စခန်းတွေလိုက်ရှာနေ

မြောင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေက မြို့နယ်အတွင်း အနိမ့်ပျံသန်း ပြီးနယ်မြေ ရှင်းလင်းရေးလုပ်နေကြောင်း မြောင်ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်ခန့်ကစပြီး အခုရက်ပိုင်းတွေ အထိနယ်မြေ ရှင်းလင်းရေးတွေပြုလုပ်လာတဲ့အတွက် ဒေသခံတွေဘက်ကတော့ စိုးရိမ်မှုတွေရှိတယ်လို့ဆိုပါတယ်။ ရဟတ်ယာဥ်တွေသာမက မြေပြင်မှာလည်းစစ်ကြောင်းအထိုင်ချပြီး PDF သံသယနဲ့ ရှင်းလင်းရေးလုပ်ခံနေရတဲ့ …