သားဖြစ်သူဘရွတ်ခ်ကလင်းရဲ့ ဒေါ်လာ၄သန်းတန်မင်္ဂလာဆောင်မှာ မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရတဲ့ ဒေးဗစ်ဘက်ခမ်း

ဒေးဗစ်ဘက်ခမ်းရဲ့သားဖြစ်သူ ဘရွတ်ခ်ကလင်းဘက်ခမ်းဟာ ပြီးခဲ့တဲ့ စနေနေ့က ဒေါ်လာ၄သန်းတန်မင်္ဂလာဆောင်အခမ်းအနားတရပ်ကျင်းပခဲ့ပြီး အဆိုပါပွဲမှာ ဖခင်ဖြစ်သူ အင်္ဂလန်လက်ဂျန့်ကြီးက ဂုဏ်ပြုစကားပြောရင်းမျက်ရည်ကျခဲ့ရတယ်လို့မာကာကဆိုပါတယ်။ ဘရွတ်ခ်ကလင်းဟာ အမေရိကန်သရုပ်ဆောင် နီကိုလာပဲလ်ဇ်ကို လက်ထပ်ခဲ့တာဖြစ်ပြီး ဖလော်ရီဒါက ပန်းမ်ဘိချ်ကမ်ခြေက ပင်လယ်ဗျူးစံအိမ်မှာ ခမ်းခမ်းနားနားမင်္ဂလာဆောင်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်၊ရီရဲမက်ဒရစ်၊အေစီမီလန်နဲ့PSGတို့မှာကစားခဲ့တဲ့ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဒေးဗစ်ဘက်ခမ်းဟာ သူ့ရဲ့သားကြီးစတင်မွေးဖွားလာခဲ့တဲ့အချိန်ကအကြောင်းတွေကို ပြန်ပြောင်းပြောပြရင်း လူပုံအလယ်မှာမျက်ရည်ကျခဲ့တာဖြစ်တယ်လို့ အဆိုပါပွဲကိုတက်ရောက်ခဲ့သူတဦးကပြောပါတယ်။ “ဒေးဗစ်ရဲ့ပြောဆိုမှုက ၄၊၅မိနစ်လောက်တော့ကြာမြင့်ခဲ့ပြီး …

တင်းနစ်လောကမှ အနားယူဖွယ်ရှိကြောင်း အန်ဒီမာရေး အရိပ်အမြွက် ပြောဆို

ဗြိတိန်နာမည်ကျော် တင်းနစ်ကစားသမား အန်ဒီမာရေး က သူ့ရဲ့ပုံစံတွေဟာ တိုးတက်မှုမရှိလာဘူးဆိုရင်တော့ တင်းနစ်လောက ကနေ အနားယူဖွယ်ရှိတယ်လို့ အရိပ်အမြွက်ပြောဆိုလိုက်ပါတယ်။ အသက်(၃၄)နှစ်အရွယ်ရှိ အန်ဒီမာရေးဟာ ဂျပန်တင်းနစ်ကစားသမား တာရိုဒန်နီရယ်လ်ကို အရေးနိမ့်ပြီး သြစတြေးလျအိုးပန်းပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ အန်ဒီမာရေးဟာ တာရိုဒန်နီရယ်လ်ကို (၆-၄)၊(၆-၄)၊(၆-၄) နဲ့ (၃)ပွဲဆက်အရေးနိမ့်ပြီး သြစတြေးလျ အိုးပန်းဒုတိယအဆင့်ကနေ ထွက်ခွာခဲ့ရတာပါ။ …

တရုတ်မှာ ပိုက်ဆံအများကြီးရှာပြီး ချစ်သူနဲ့အပန်းဖြေနေတဲ့ ဖယ်လိုင်နီ

မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမားဟောင်း ဖယ်လိုင်နီဟာ တရုတ်စူပါလိဂ်မှာ လစာအများကြီး ရရှိနေတာ ဖြစ်ပြီး အားလပ်ရက်အဖြစ် ချစ်သူဖြစ်တဲ့ ရုရှားသူ ဗစ်တိုရီးယားအဲလက်စ်နဲ့အတူ ကမ်းခြေမှာ အပန်းဖြေ အနားယူနေတာ ဖြစ်ပါတယ်။ ဖယ်လိုင်နီဟာ ရေထဲမှာ  ချစ်သူဖြစ်သူနဲ့အတူ ပျော်ရွှင်နေတာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး အနမ်းခြွေနေခဲ့တာပါ။ ဖယ်လိုင်နီဟာ မန်ချက်စတာယူနိုက်တက် အသင်းကနေ တရုတ်စူပါလိဂ်ကလပ် …