မြန်မာစစ်တပ်အတွက် ရုရှားက သံချပ်ကာကားတွေ ပေးပို့ခဲ့ကြောင်း Myanmar Witness အဖွဲ့ထုတ်ပြန်

မြန်မာစစ်တပ်အတွက် ရုရှားနိုင်ငံထုတ် သံချပ်ကာကားတွေကို သီလဝါဆိပ်ကမ်းမှာ လာရောက်ပို့‌ဆောင်သွားတယ်လို့ Myanmar Witness အဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အထောက်အထားတွေနဲ့ အတူ ဇန်နဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းမှာ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ (Vladivostok) ဆိပ်ကမ်းကနေ ထွက်ခွာလာတဲ့ CAPTAIN YAKUBOVICH သင်္ဘောဟာ …

စစ်ကောင်စီရဲ့ လေကြောင်းသုံး တိုက်ခိုက်မှုတွေကို ဘယ်လို ရပ်တန့်နိုင်မလဲ

အာဏာသိမ်းပြီးနောက် စစ်တပ်ဟာ ကရင်အမျိုးသားအစည်းအရုံး KNUနဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA လို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေမှာ လေကြောင်းအသုံးပြု တိုက်ခိုက်သလို လက်လုပ် စစ်လက်နက်ပစ္စည်းတွေကို အားထားပြီး အာဏာရှင်ကို ခုခံတော်လှန်နေကြတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်ရာမှာလည်း လေကြောင်းပစ်ကူကို ဆက်တိုက်အသုံးပြုနေပါတယ်။ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေသုံးပြီး တိုက်ခိုက်မှုဟာ တော်လှန်ရေးအဖွဲ့တွေအပြင် …

ဟိန်ဇိန်ရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံး၊ဒဏ်ရာရတာတွေရှိတယ်လို့ PDF-Zoland ထုတ်ပြန်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဟိန်ဇိန်ရွာအနီးရှိ ဟိန်းဇိန်နဲ့သိုင်းငင်းကြားတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်တွေသေဆုံးပြီး ဒဏ်ရာရတာတွေရှိတယ်လို့ က သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ အဲဒီတိုက်ပွဲမှာ မိုင်းထောင်ထားတာကိုသွားရောက်စစ်ဆေးတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်၂ဦးသေဆုံးခဲ့တယ်လို့ PDF-Zoland ကထုတ်ပြန်ပါတယ်။သေဆုံးသူ၂ဦးဟာ အသက် ၂၁ နှစ်အရွယ် ကိုမုန်နိုး နဲ့ CNA တပ်က ဆလိုင်း ကျူံးလျန်ဆန်တို့ ဖြစ်ပြီး တခြားရဲဘော် …

အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ – မြန်မာနယ်စပ်မြို့တွေက ငွေလိမ်ဂိုဏ်းတွေ လူငယ်တွေကို အသုံးချနေ

ဆိုရှယ်မီဒီယာက အလုပ်အကိုင်ရှာဖွေရေးဂရုတွေ၊ အလုပ်ရှာတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ နယ်စပ်မြို့တွေမှာ အွန်လိုင်းဂိမ်းလုပ်ငန်း၊ ကာစတန်မာဆားဗစ်၊ အွန်လိုင်းမားကက်တင်း၊ ဟိုတယ်နဲ့ ကာစီနိုဝိုင်းတွေမှာ ရုံးဝန်ထမ်းအလုပ်လုပ်ရမယ်၊ လစာ အနေနဲ့ကျပ်ငွေ ၁၀ သိန်းနဲ့ ၁၅ သိန်းကြား ရမယ်ဆိုတဲ့ အလုပ်ခေါ်စာတွေကို တွေ့ဖူးကြမှာပါ။ အဲဒီအလုပ်အတွက် လိုအပ်တဲ့ အရည်အချင်းတွေထဲမှာ ကွန်ပျူတာနဲ့ အင်္ဂလိပ်စာ …

မြန်မာ့အရေး အီးယူနဲ့ကမ္ဘောဒီးယားဆွေးနွေး

မြန်မာအာဏာသိမ်းစစ်တပ်က ဆက်လက်ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အီးယူ ဥရောပ သမဂ္ဂက ရှုတ်ချသလို ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခေါင်းဆောင်တွေကို အာဏာပြန်လည်အပ်နှင်းပြီး နိုင်ငံရေးအကျဥ်းသားတွေအားလုံးကိုလည်း ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာမူဝါဒအကြီးအကဲ ဂျိုးဆက် ဘိုဝဲလ်က တောင်းဆိုလိုက်ပါတယ်။ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဒုဝန်ကြီးချုပ်လည်းဖြစ် …

ကိုဖြိုးဇေယျာသော်နဲ့ ကိုဂျင်မီတို့ကို သေဒဏ်ချမှတ်တယ်လို့ ကြေညာ

အကြမ်းဖက်မှုတွေ၊တခြားဆက်စပ်မှုတွေနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မတွေနဲ့ ကိုဖြိုးဇေယျာသော်နဲ့ ကိုကျော်မင်းယု ခေါ် ကိုဂျင်မီတို့ကို ဒီကနေ့ သေဒဏ်ချမှတ်လိုက်တယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။ သူတို့ကို စစ်အုပ်ချုပ်ရေး စစ်ခုံရုံးဖွဲ့ စစ်ဆေးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၄၉(က)၊ ၅၀(စျ)၊ ၅၀(ည)တို့နဲ့ …

လေကြောင်းတိုက်ခိုက်မှုတွေရဲ့ စစ်ရေးအဓိပ္ပာယ်နဲ့ မျက်မှောက်စစ်ရေးအခြေအနေ

မြောင်မြို့နယ်အတွင်း ဇန်နဝါရီလ ၂၀ ရက်နေ့မှာ တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ မြေပြင်တပ်ဖွဲ့တွေပူးပေါင်းပြီး နယ်မြေရှင်းလင်းရေးလုပ်နေတယ်လို့ မြောင်ဒေသခံတွေက ဘီဘီစီကို ပြောကြပါတယ်။ မြောင်ဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ကာလတခုကြာအောင် အသာစီးရခဲ့တဲ့ ဒေသတခု ဖြစ်ပါတယ်။ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာရဲ့တောင်ဘက် အင်းမထီးကျေးရွာအနီးမှာ ရဟတ်ယာဉ်တစီး ဇန်နဝါရီလ ၁၉ ရက်နေ့က ဆင်းသက်ပြီး …