မြောင်မှာ စစ်ကောင်စီက PDF စခန်းတွေလိုက်ရှာနေ

မြောင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေက မြို့နယ်အတွင်း အနိမ့်ပျံသန်း ပြီးနယ်မြေ ရှင်းလင်းရေးလုပ်နေကြောင်း မြောင်ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်ခန့်ကစပြီး အခုရက်ပိုင်းတွေ အထိနယ်မြေ ရှင်းလင်းရေးတွေပြုလုပ်လာတဲ့အတွက် ဒေသခံတွေဘက်ကတော့ စိုးရိမ်မှုတွေရှိတယ်လို့ဆိုပါတယ်။ ရဟတ်ယာဥ်တွေသာမက မြေပြင်မှာလည်းစစ်ကြောင်းအထိုင်ချပြီး PDF သံသယနဲ့ ရှင်းလင်းရေးလုပ်ခံနေရတဲ့ …

မင်းကင်းနယ် မအူကုန်းမြောက်ရွာမှာ လူ ၅ ဦး အသတ်ခံရ

မင်းကင်းမြို့နယ် မအူကုန်းမြောက်ရွာမှာ အမျိုသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦး ဇန်နဝါရီလ ၁၉ ရက်နေ့ က ရွာထဲကို ဝင်ရောက်ဖမ်းဆီးပြီး အနောက်ဘက် သုသာန်မှာ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက တစ်ဆင့်သိရပါတယ်။ အသတ်ခံရသူတွေဟာ ကြံ့ခိုင်ရေးပါတီက စည်းရုံးရေးမှူးတစ်ဦးနဲ့ ရွာသူ ရွာသားတွေဖြစ်တယ်လို့လည်း သူတို့ကပြောပါတယ်။ …

မြန်မာနိုင်ငံမှာ အိုမီခရွန် ၂၈ ဦးထပ်တွေ့

ကယ်ဆယ်ရေး လေယာဥ်တွေနဲ့ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာသူတွေထဲက ၂၈ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲ အိုမီခရွန် ပိုးကူးစက်ခံထားရတာထပ်တွေ့ ရတယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ လေယာဥ်တွေနဲ့ ပြန်ဝင်လာသူတွေကို စစ်ဆေးခဲ့ရာ မှာအခုလိုတွေ့ရှိခဲ့တာဖြစ်ပြီးတော့ အဲ့ဒီလူတွေအားလုံးဟာမြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ဇန်နဝါရီလ ၂၀ ရက်နေ့ ထုတ်ပြန်ချက်ကဆိုပါတယ်။ အဲ့ဒီလို ပြန်ဝင်လာသူတွေကို စစ်ဆေးခဲ့ရာမှာ …

ကလေးမြို့က လွှတ်တော်ကိုယ်စားလှယ်တွေနေအိမ်အချို့ ချိပ်ပိတ်ခံရ

စစ်ကိုင်းတိုင်း ကလေးမြို့က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး ခေါ် ဒေါ်အေးအေးမူနဲ့ ဒေါ်သန့်ဝေကျော်တို့ရဲနေအိမ်တွေကို စစ်ကောင်စီက ဇန်နဝါရီလ ၁၉ ရက်နေ့က ချိပ်ပိတ်ခဲ့တယ်လို့ ကလေးမြို့ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။ ဒေါ်ရှားမီးရဲ့နေအိမ်ဟာ ကလေးမြို့ ဗိုလ်ချုပ်လမ်း စမ်းမြို့ ရပ်ကွက်မှာရှိပြီး၊ ဒေါ်သန့်ဝေကျော် အိမ်ကတော့ ကလေး ဂန့်ဂေါလမ်း က …

ချင်းပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာက အရေးယူမှု

နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကျယ် အပြန့်ဖြစ်ပေါ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေတဲ့အချိန်မှာပဲ ချင်းပြည်နယ်တွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာ အရေးယူဆောင်ရွက်ချက်တွေ ပိုမို ရရှိရေးအတွက် သံန္နိဌာန်ချမှတ်လုပ်ဆောင်သွားမယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (National Unity Government – NUG)က ပြောကြားလိုက်ပါတယ်။ ကြာသပတေးနေ့က အွန်လိုင်းကတဆင့်ကျင်းပတဲ့ မတူပီမြို့နယ်အတွင်း …

ကယားပြည်နယ်တိုက်ပွဲကြောင့် ဝန်ကြီးချုပ် ဟွန်ဆန်ရခဲ့တဲ့ တိုးတက်မှု ထိခိုက်တယ်လို့ပြော

ကယားပြည်နယ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တွေကြား ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် အာဆီယံအလှည့်ကျ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဥ်အတွင်း ရရှိခဲ့တဲ့ တိုးတက်ဖြစ်ထွန်းမှုကို ထိခိုက်စေတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ပြောပါတယ်။ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ခရီးစဥ်အတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံဖြိုးတိုးတက်မှုကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ ငြိမ်းချမ်းရေး …

ရေလယ်ကျွန်းအနီးက ရွာတွေကို စစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်လို့ ဒေသခံတွေပြေးနေရ

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အရှေ့ဘက်ပိုင်းက ရေလယ်ကျွန်းဒေသမှာရှိတဲ့ နေရင်းရွာ၊ ပေါက်ရွာတွေဘက်ကို စစ်ကောင်စီတပ်တွေက ဒီကနေ့ဇန်နဝါရီ ၂၁ ရက် မနက်ပိုင်းက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး နေရင်းရွာကဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ မနေ့ဇန်နဝါရီ ၂၀ရက်နေ့ ဒီကျေးရွာတွေအနီးမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် ရေလယ်ကျွန်းနယ်ထဲက မင်းရွာကျေးရွာမှာ ဝင်ရောက်တပ်စွဲထားတာဖြစ်ပြီး ဒီကနေ့မနက် ၄ နာရီဝန်းကျင်လောက်မှာ နေရင်းကျေးရွာထဲကို …