မင်းကင်းနယ် မအူကုန်းမြောက်ရွာမှာ လူ ၅ ဦး အသတ်ခံရ

မင်းကင်းမြို့နယ် မအူကုန်းမြောက်ရွာမှာ အမျိုသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦး ဇန်နဝါရီလ ၁၉ ရက်နေ့ က ရွာထဲကို ဝင်ရောက်ဖမ်းဆီးပြီး အနောက်ဘက် သုသာန်မှာ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက တစ်ဆင့်သိရပါတယ်။ အသတ်ခံရသူတွေဟာ ကြံ့ခိုင်ရေးပါတီက စည်းရုံးရေးမှူးတစ်ဦးနဲ့ ရွာသူ ရွာသားတွေဖြစ်တယ်လို့လည်း သူတို့ကပြောပါတယ်။ …

မြန်မာနိုင်ငံမှာ အိုမီခရွန် ၂၈ ဦးထပ်တွေ့

ကယ်ဆယ်ရေး လေယာဥ်တွေနဲ့ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာသူတွေထဲက ၂၈ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲ အိုမီခရွန် ပိုးကူးစက်ခံထားရတာထပ်တွေ့ ရတယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ လေယာဥ်တွေနဲ့ ပြန်ဝင်လာသူတွေကို စစ်ဆေးခဲ့ရာ မှာအခုလိုတွေ့ရှိခဲ့တာဖြစ်ပြီးတော့ အဲ့ဒီလူတွေအားလုံးဟာမြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ဇန်နဝါရီလ ၂၀ ရက်နေ့ ထုတ်ပြန်ချက်ကဆိုပါတယ်။ အဲ့ဒီလို ပြန်ဝင်လာသူတွေကို စစ်ဆေးခဲ့ရာမှာ …

ကလေးမြို့က လွှတ်တော်ကိုယ်စားလှယ်တွေနေအိမ်အချို့ ချိပ်ပိတ်ခံရ

စစ်ကိုင်းတိုင်း ကလေးမြို့က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး ခေါ် ဒေါ်အေးအေးမူနဲ့ ဒေါ်သန့်ဝေကျော်တို့ရဲနေအိမ်တွေကို စစ်ကောင်စီက ဇန်နဝါရီလ ၁၉ ရက်နေ့က ချိပ်ပိတ်ခဲ့တယ်လို့ ကလေးမြို့ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။ ဒေါ်ရှားမီးရဲ့နေအိမ်ဟာ ကလေးမြို့ ဗိုလ်ချုပ်လမ်း စမ်းမြို့ ရပ်ကွက်မှာရှိပြီး၊ ဒေါ်သန့်ဝေကျော် အိမ်ကတော့ ကလေး ဂန့်ဂေါလမ်း က …

ချင်းပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာက အရေးယူမှု

နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကျယ် အပြန့်ဖြစ်ပေါ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေတဲ့အချိန်မှာပဲ ချင်းပြည်နယ်တွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာ အရေးယူဆောင်ရွက်ချက်တွေ ပိုမို ရရှိရေးအတွက် သံန္နိဌာန်ချမှတ်လုပ်ဆောင်သွားမယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (National Unity Government – NUG)က ပြောကြားလိုက်ပါတယ်။ ကြာသပတေးနေ့က အွန်လိုင်းကတဆင့်ကျင်းပတဲ့ မတူပီမြို့နယ်အတွင်း …

ကယားပြည်နယ်တိုက်ပွဲကြောင့် ဝန်ကြီးချုပ် ဟွန်ဆန်ရခဲ့တဲ့ တိုးတက်မှု ထိခိုက်တယ်လို့ပြော

ကယားပြည်နယ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တွေကြား ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် အာဆီယံအလှည့်ကျ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဥ်အတွင်း ရရှိခဲ့တဲ့ တိုးတက်ဖြစ်ထွန်းမှုကို ထိခိုက်စေတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ပြောပါတယ်။ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ခရီးစဥ်အတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံဖြိုးတိုးတက်မှုကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ ငြိမ်းချမ်းရေး …

ရေလယ်ကျွန်းအနီးက ရွာတွေကို စစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်လို့ ဒေသခံတွေပြေးနေရ

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အရှေ့ဘက်ပိုင်းက ရေလယ်ကျွန်းဒေသမှာရှိတဲ့ နေရင်းရွာ၊ ပေါက်ရွာတွေဘက်ကို စစ်ကောင်စီတပ်တွေက ဒီကနေ့ဇန်နဝါရီ ၂၁ ရက် မနက်ပိုင်းက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး နေရင်းရွာကဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ မနေ့ဇန်နဝါရီ ၂၀ရက်နေ့ ဒီကျေးရွာတွေအနီးမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် ရေလယ်ကျွန်းနယ်ထဲက မင်းရွာကျေးရွာမှာ ဝင်ရောက်တပ်စွဲထားတာဖြစ်ပြီး ဒီကနေ့မနက် ၄ နာရီဝန်းကျင်လောက်မှာ နေရင်းကျေးရွာထဲကို …

ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတ ဦးဝင်းမြင့်တို့ကို စွဲဆိုထားတဲ့ အဂတိမှုငါးမှု ဒီနေ့ စတင်စစ်ဆေး

ရဟတ်ယာဉ်ငှားရမ်းမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ လူကယ်ပြန်ဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးတို့ကို စွဲဆိုထားတဲ့ အဂတိမှုငါးမှုကို ဒီနေ့ ဇန်နဝါရီ ၂၁ ရက်မှာ စတင်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။ ဒီနေ့ရုံးချိန်းမှာရှေ့နေအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့ သီးသန့်တွေ့ဆုံခွင့်ရခဲ့ပြီး နှစ်ဦးလုံး ကျန်းမာရေးကောင်းမွန်တယ်လို့လည်း သိရပါတယ်။ ဒီနေ့တရားခွင်မှာ …

ဂျပန်ကလေးကျောင်းပညာရေး

ဂျပန်မှာကလေးတွေ ကျောင်းသွားတာ နမူနာ လေးပါ ကျောင်းကို ကိုယ့်ရပ်ကွက် က ကျောင်း မှာပဲ အပ်လို့ရပါတယ် ရပ်ကွက်ကျော် အပ်လို့မရပါ ကျွန်မတို့နေတဲ့ ITABASHI ဆို ရင်အပ်လို့ရတာ မူလတန်း ၃ကျောင်းရှိတယ် အဲဒီ ကျောင်း ၃ကျောင်းထဲကမှ တစ်ကျောင်းကိုအပ်လို့ရပါတယ် ကျောင်းကို အပ်ဖို့စီမံခန့်ခွဲတာ က …