ပြင်ဦးလွင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်နှင့်လမ်းများပေါ်၌ ရေလျှံနေ

ပြင်ဦးလွင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်နှင့်လမ်းများပေါ်၌ ရေလျှံနေ

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့တွင် ဇူလိုင် ၃၁ ရက်နံနက်အစောပိုင်းမှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်များအတွင်းနှင့်လမ်းများပေါ်၌ ရေလျှံမှုများဖြစ်ပေါ်လျက်ရှိသည်ဟု ပြင်ဦးလွင်မြို့အခြေစိုက် လူမှုကူညီရေးအသင်းများမှသိရသည်။

“မိုးကအတော်သည်းသည်းရွာတာ မနက် ၂ နာရီကျော်လောက်ကစပြီးရွာတာ အခုချိန်ထိမတိတ်သေးဘူး မိုးသည်းတော့ရပ်ကွက်တွေထဲလည်းရေတွေတက်လာတယ် လမ်းပေါ်မှာလည်းရေတွေတက်တယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ထိုသို့ မိုးသည်းထန်စွာရွာသွန်းပြီး ရေဝင်ရောက်မှုများကြောင့် လမ်းသွားလမ်းလာများအဆင်ပြေစေရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီအဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများမှ ကူညီပေးမှုများပြုလုပ်ပေးလျက်ရှိသည်၊

“ပုံမှန်အတိုင်းဆိုရင် ရေတက်တာမရှိဘူး အခုကရေမြောင်းတွေထဲကနေလျှံတက်လာတာ အမှိုက်တွေနဲ့ပိတ်နေတော့ရေတွေကအပြင်ကိုလျှံတက်လာတဲ့သဘောပါ”ဟုလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ရေလျှံတက်နေမှုသည် ပြင်ဦးလွင်တစ်မြို့လုံးနီးပါး၌ဖြစ်ပေါ်နေသဖြင့် ရေဝင်ရောက်မှုများသည့် နေအိမ်များအားဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Photo CJ

Leave a Reply

Your email address will not be published. Required fields are marked *