ပေါက်မြို့နယ်တွင် တွဲကား ၃ စီးနှင့်အတူ အဖမ်းခံရပြီး သေဆုံးသွားသော စစ် တပ် ဗိုလ်ကြီး၏ ၃ ပွင့်အရာရှိပခုံးတံဆိပ်ကို အတွင်းခံဘောင်းဘီတွင် တပ်ဆင်ပြီး PDF ဗိုလ်တစ်ဦးက ဝတ်ဆင်

ပေါက်မြို့နယ်တွင် တွဲကား ၃ စီးနှင့်အတူ အဖမ်းခံရပြီး သေဆုံးသွားသော စစ် တပ် ဗိုလ်ကြီး၏ ၃ ပွင့်အရာရှိပခုံးတံဆိပ်ကို အတွင်းခံဘောင်းဘီတွင် တပ်ဆင်ပြီး PDF ဗိုလ်တစ်ဦးက ဝတ်ဆင်

ရန်ကုန်၊ ဧပြီ ၉

မကွေးတိုင်း၊ပေါက်မြို့နယ်တွင် စစ်လက်နက်ပစ္စည်းကုန်ကြမ်းများ တင်ဆောင်လာသော တွဲကား ၃ စီးနှင့်အတူ အဖမ်းခံရပြီး သေဆုံးသွားသော စစ်တပ်ဗိုလ်ကြီး၏ ၃ ပွင့်အရာရှိ ပခုံးတံဆိပ်ကို အတွင်းခံဘောင်းဘီတွင် တပ်ဆင်ပြီး PDF ဗိုလ်တစ်ဦးက ဝတ်ဆင်ထားကြောင်း PDF ရဲဘော်တချို့ထံမှ သိရှိရသည်။

“ဟိုနေ့ကစစ်ကောင်စီကားသုံးစီးဖမ်တုံးကဗိုလ်ကြီးတစ်ယောက်ပါလာတယ်။ ရာထူးကြယ်သုံးပွင့်နဲ့။ ဒီ အရာရှိသုံးပွင့်ပခုံး တံဆိပ် ၂ ခုကို PDF ဗိုလ်နားပေါက်အဖွဲ့ခေါင်းဆောင် ဗိုလ်နားပေါက်က ယူပြီးတော့မှ နှိမ့်ချချင်တဲ့ အနေနဲ့ ဘောကျည်ကာ အဖြစ် ချုပ်ပြီးမှ တပ်ဆင် ဝတ်ဆင်ထားတယ်” ဟု PDF ရဲဘော်တစ်ဦးက ပြောဆိုသည်။

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်လက် နက် ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုမည့် ကုန်ကြမ်းများ တင်ဆောင်လာသည့် တွဲကား ၃ စီးကို ဒေသကာကွယ်ရေးမဟာမိတ်အဖွဲ့များက ဧပြီလ ၆ ရက်နေ့တွင် ဖမ်းဆီးလိုက်ပြီး ဖမ်းမိသော စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၇ ဦးလည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *