နိုင်ငံရေးပါတီအချို့က ပါတီလုပ်ငန်းတွေ ပြင်ဆင်လုပ်ဆောင်နေ

မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီကို ဆန္ဒပြမှုတွေနဲ့ လက်နက်စွဲကိုင် တိုက်ခိုက်မှုတွေ ရှိနေချိန်မှာပဲ နိုင်ငံရေးပါတီတချို့က ပါတီလုပ်ငန်းစဥ်တွေကို ပြင်ဆင်လုပ်ဆောင်နေကြပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒုတိယနေရာအများဆုံး ရရှိထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကဆိုရင် ပါတီတွင်း တိုင်းအဆင့်ခေါင်းဆောင်တွေကို ပြန်လည်ရွေးကောက်တင်မြှောက်တာမျိုးတွေကို ဒီရက်ပိုင်းမှာ လုပ်ဆောင်နေပါတယ်။ ဒီကနေ့အထိ ရန်ကုန်၊ ကရင်ပြည်နယ်နဲ့ မန္တလေးတိုင်းအတွင်းက ဗဟိုကော်မတီဝင်၊ …

KNU တပ်မဟာ ၆ နယ်မြေ၊ ဘုရားသုံးဆူဒေသအတွင်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာ

လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ခြိမ်းခြောက်ပစ်ခတ်မှုတွေ လုပ်နေလို့ စစ်ရေးတင်းမာလာမှာ ကိုဒေသခံတွေစိုးရိမ် KNU တပ်မဟာ ၆ နယ်မြေ၊ ဘုရားသုံးဆူဒေသအတွင်း စစ်ကောင်စီတပ်တွေ ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ မြို့အဝင်အထွက်ဂိတ်တွေမှာ အစစ်အဆေးတွေတင်းကျပ်နေပြီး အဲဒီကတစ်ဆင့် စစ်ရေး တင်းမာမှုတွေ ရှိလာမှာကို ဘုရားသုံးဆူ ဒေသခံတွေစိုးရိမ်နေကြပါတယ်။ လေးကေ့ကော်ဒေသတိုက်ပွဲတွေကြောင့် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူဒေသဘက်ကို စစ်ရှောင်လာသူတွေ၊ ခိုလှုံလာသူတွေထဲ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ …

နတ်တလင်းမှာ အသံတိတ်သပိတ်နေ့မှာ ဆိုင်တွေ ဖွင့်ဖို့ ကြေညာနေသူတဦး သေနတ်နဲ့ပစ်ခတ်ခံရ

ပဲခူးတိုင်းဒေသကြီး၊ အနောက်ဘက်ခြမ်းမှာရှိတဲ့ နတ်တလင်းမြို့နယ် တံခွန်တိုင်ရွာမှာ ဒီကနေ့ဇန်နဝါရီ ၂၈ မနက်ပိုင်းက အသံတိတ်သပိတ်မှာ မပါဝင်ဖို့ လိုက်လံကြေ ညာနေသူတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ နတ်တလင်း ဒေသခံ PDF အဖွဲ့တခုဖြစ်တဲ့ နတ်စစ်သည် အဖွဲ့ကတော့ စစ်ကောင်စီ အလိုအကျ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဆိုင်မဖွင့်ဖို့ …

အာဏာသိမ်းပြီးတဲ့နောက် ကလေး ၁သိန်းခွဲနီးပါး အိုးအိမ်တွေကိုစွန့်ခွာထွက်ပြေးနေရ

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် အကြမ်းဖက်မှုတွေနဲ့စစ်ပွဲတွေကြောင့် ကလေး ၁ သိန်းခွဲလောက်ဟာ နေအိမ်တွေကိုစွန့်ခွာပြီး ထွက်ပြေးနေရတယ်လို့ Save the Children အဖွဲ့က ဒီကနေ့ဇန်နဝါရီ ၂၈ မှာထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ကယားပြည်နယ်စစ်ဘေးရှောင်စခန်းမှာ ဗုံးကြဲခံရတာတွေအပါအဝင် စစ်ကိုင်းတိုင်းထဲမှာလည်း ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့စစ်တပ်ရဲ့ ဝင်ရောက်စီးနင်းမှုတွေကြောင့် ကလေးတွေသေဆုံးမှုတွေရှိနေတယ်လို့Save the Children …

မြန်မာစစ်တပ်အတွက် ရုရှားက သံချပ်ကာကားတွေ ပေးပို့ခဲ့ကြောင်း Myanmar Witness အဖွဲ့ထုတ်ပြန်

မြန်မာစစ်တပ်အတွက် ရုရှားနိုင်ငံထုတ် သံချပ်ကာကားတွေကို သီလဝါဆိပ်ကမ်းမှာ လာရောက်ပို့‌ဆောင်သွားတယ်လို့ Myanmar Witness အဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အထောက်အထားတွေနဲ့ အတူ ဇန်နဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းမှာ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ (Vladivostok) ဆိပ်ကမ်းကနေ ထွက်ခွာလာတဲ့ CAPTAIN YAKUBOVICH သင်္ဘောဟာ …

စစ်ကောင်စီရဲ့ လေကြောင်းသုံး တိုက်ခိုက်မှုတွေကို ဘယ်လို ရပ်တန့်နိုင်မလဲ

အာဏာသိမ်းပြီးနောက် စစ်တပ်ဟာ ကရင်အမျိုးသားအစည်းအရုံး KNUနဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA လို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေမှာ လေကြောင်းအသုံးပြု တိုက်ခိုက်သလို လက်လုပ် စစ်လက်နက်ပစ္စည်းတွေကို အားထားပြီး အာဏာရှင်ကို ခုခံတော်လှန်နေကြတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်ရာမှာလည်း လေကြောင်းပစ်ကူကို ဆက်တိုက်အသုံးပြုနေပါတယ်။ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေသုံးပြီး တိုက်ခိုက်မှုဟာ တော်လှန်ရေးအဖွဲ့တွေအပြင် …

ဟိန်ဇိန်ရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံး၊ဒဏ်ရာရတာတွေရှိတယ်လို့ PDF-Zoland ထုတ်ပြန်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဟိန်ဇိန်ရွာအနီးရှိ ဟိန်းဇိန်နဲ့သိုင်းငင်းကြားတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်တွေသေဆုံးပြီး ဒဏ်ရာရတာတွေရှိတယ်လို့ က သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ အဲဒီတိုက်ပွဲမှာ မိုင်းထောင်ထားတာကိုသွားရောက်စစ်ဆေးတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်၂ဦးသေဆုံးခဲ့တယ်လို့ PDF-Zoland ကထုတ်ပြန်ပါတယ်။သေဆုံးသူ၂ဦးဟာ အသက် ၂၁ နှစ်အရွယ် ကိုမုန်နိုး နဲ့ CNA တပ်က ဆလိုင်း ကျူံးလျန်ဆန်တို့ ဖြစ်ပြီး တခြားရဲဘော် …