လူသားတို့၏စိတ်ထဲတွင်ရှိသော စဥ်းစားတွေးခေါ်ပုံများဟာ အလွန်ကွဲပြားခြားနားနေသည့်အတွက် အပြစ်တစ်ခုအနေဖြင့်ဝေဖန်ပြောဆိုမှုမျိုးတော့လုပ်ဆောင်သွားမည်မဟုတ်ပေ။သို့သော်လည်းတရုတ်နိုင်ငံHunanပြည်နယ်မှအမျိုးသမီးတစ်ဦး၏အဖြစ်ကတော့ရုပ်ရှင်တွေထဲမှာတောင်မြင်ဖူးခြင်းမရှိသေးသည့်အဖြစ်မျိုးနှင့်ကြုံတွေ့ခဲ့ရပါတယ်။
အမျိုးသမီးဟာအိမ်ထောင်သက်လေးနှစ်အထိပင်ရှိနေပြီဖြစ်ကာ Dingdingလို့အမည်ပေးထားသည့်သမီးလေးကိုလည်းပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။
ထိုကဲ့သို့သောအချိန်မှ အမျိုးသမီး၏ရည်းစားဟောင်းဖြစ်သူဟာနေအိမ်ကိုရောက်ရှိလာခဲ့ပြီး သမီးလေးတွင်သူ၏သွေးသားဖြစ်နိုင်သည်ဟုဆိုကာ DNAစစ်ဆေးခိုင်းပြီးသမီးလေးကိုပေးဖို့လာရောက်တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။